ဇူလိုင် ၁ ရက်မှစ၍ ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ယာဉ်များ CNG ထုတ်ပေးမှူရပ်ဆိုင်း

0

Full article

![](/redline/content/images/2017/06/1111-2-300x202.jpg)

_ Photo Credit_

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ယာဉ်များကို CNG ထုတ်ပေးမှူကို ယဇူလိုင်လ ၁ ရက်တွင် ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့အများပြည်သူသယ်ပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့မှ သိရသည်။ အဆိုပါ ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင် ဘတ်စ်ကားအပ်နှံရန်ကျန်ရှိနေသည့် အစီးရေ ၇ဝဝ နီးပါးခန့်ရှိနေပြီး အပ်နှံရန် နောက်ဆုံးရက်သတ်မှတ်ထားသည့် ဇွန်လ ၃ဝ ရက်တွင် အပြီး အပ်နှံသွားမှသာ လူစီးစလစ်ထုတ်ပေးမည် ဖြစ်တယ်လို့သိရသည်။ ၁၉၉၅ မိုဒယ်အောက်ကားတွေကို ဇူလိုင် ၁ ရက် ကစပြီး CNG ထုတ်ပေးတာရပ်ဆိုင်းမှာပါ။ ဇူလိုင် ၃ဝ အထိ နောက်ဆုံးအပ်ရမှာဖြစ်ပါတယ်။ လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာ မောင်အောင်က ပြောပါတယ်။ ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ယာဉ်များ ဇွန်လ ၃ဝ ရက်နောက်ဆုံးထား အပြီး အပ်နှံ၍ လူစီးစလစ်ထုတ်ရမည်ဖြစ်ရာ သတ်မှတ်ရက်အတွင်း အပ်နှံခြင်းမရှိပါက ယာဉ်လိုင်းများတွင် ပြေးဆွဲခွင့် လုပ်ငန်းလိုင်စင် ဖျက်သိမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ က သတိပေးထားပါတယ်။ ထိုယာဉ်များ အပ်နှံခြင်းစာရင်းများကို ယနေ့တွင် နောက်ဆုံးထား တင်ပြရမှာဖြစ်ရာ CNG ဖြည့်သွင်း ထုတ်ယူခြင်းကို ယခုလကုန် ၁ ရက်တွင် ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ၁၉၉၅ မိုဒယ်အောက်ကားတွေကို အပ်နှံခွင့်ပြုတာက ရန်ကုန်မြို့တွင်း ခရီးသည်တင်ကား အားလုံးပါပါတယ်။ ဒီကားတွေကိုအပ်နှံမယ်ဆိုရင် CNG ပါပြန်အပ်ရမှာဖြစ်ပါတယ်။ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာန တိုင်းဦးစီးမှူး ဦးသိန်းဦးက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ယာဉ်များကို အထူးစီမံချက်အနေဖြင့် ကားဟောင်းအပ်နှံပြီး လူစီးစလစ်ထုတ်ပေးနေသော်လည်း ခရီသည်တင်ယာဉ်များတွင် CNG မပါရှိသောယာဉ်များ၊ အပ်နှံခွင့် သတ်မှတ်ချက်မကိုက်ညီသောယာဉ်များနှင့် ကားများကိုမူ လူစီးစလစ်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင် CNG ကားများဖြစ်သော စီးတီးဘတ်စ် ၊ ဒိုင်နာနှင့် ဘီအမ်ကားများကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လူးစီးစလစ်ထုတ်ပေးလျှက်ရှိရာ ကားအစီး ၁၃၉၆ စီး အပ်နှံပြီး လူစီးစလစ်ထုတ်ပေးခဲ့ပြီး ကားအစီးရေ ၂၅ဝ၄ စီး အပ်နှံခွင့်ကျန်ရှိနေရာ အကြောင် းအမျိူး မျိူး ကြောင့် လူစီးစလစ်မရရှိသည့် ကားအစီးရေ ၂၆ဝ စီး ရှိကြောင်းသိရပါတယ်။

ခေတ်သစ်

Author