သီလဝါတွင် ဂျပန်နိုင်ငံမှ ယာဉ်အပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံတည်ဆောက်သွားမည်

0

Full article

သီလဝါတွင် ဂျပန်နိုင်ငံမှ ယာဉ်အပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံတည်ဆောက်သွားမှာ ဖြစ်သည်ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

နိုင်ငံအတွင်း တင်သွင်းထားသော ဂျပန်ကားအမျိုးအစားစုံ၏ ယာဉ်အပိုပစ္စည်းများ လိုအပ်ချက်ကို ဖြည့်ဆည်း သည့်အနေဖြင့် သီလဝါတွင် စက်ရုံတည်ဆောက်၍ ထုတ်လုပ်သွားခြင်းဖြစ်သည်ဟု သိရသည်။

"သီလဝါမှာ ဂျပန်နိုင်ငံက ယာဉ်အပိုပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတည်ဆောက်နေပါပြီ။ လက်ရှိအသုံးပြုနေတဲ့ ကားတွေအတွက် ယာဉ်အပိုပစ္စည်းတွေ လိုအပ်လာတဲ့အတွက် လာရောက်ထုတ်လုပ်မှု လုပ်ဆောင်တာ ဖြစ်ပါတယ်။ ကားအပိုပစ္စည်း ထုတ်ပြီးမှ ကားတစ်စီးလုံး ထုတ်လုပ်တာကို သွားလို့ရမှာပါ။"လို့ စက်မှုဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

မော်တော်ယာဉ်များ ထုတ်လုပ်တပ်ဆင်မှုကို (SKD) Semi Knock Down, Complete Knock Down (CKD ) စနစ်ဖြင့်သာ လုပ်ဆောင်သွားမှာဖြစ်ပြီး အသုံးပြုနေသည့် ယာဉ်များ၏ အပိုပစ္စည်းတွေကို ထုတ်လုပ်ပြီးမှသာ မော်တော်ယာဉ်များ ထုတ်လုပ်ရန် စက်ရုံများ ဝင်ရောက်လာနိုင်မှာ ဖြစ်သည်ဟုလည်း ထပ်လောင်းပြောကြားသွားခဲ့သည်။

ခေတ်သစ်

Author