Full article

ရန်ကုန်၊ သြဂုတ် ၇

လာမည့်တစ်ပတ်အတွင်း ဂျပန်ကားလေလံများ ပိတ်မည်ဖြစ်ကြောင်း ကားအရောင်းစင်တာများမှ သိရှိရသည်။

r

ဂျပန်နိုင်ငံတွင် သြဂုတ် ၁ဝ ရက်မှ ၁၈ ရက်အထိ နွေရာသီ အားလပ်ရက်အဖြစ် သတ်မှတ်ပြီး ရုံးများ၊ ဌာနဆိုင် ရာများ တစ်ပတ်ခန့်ပိတ်မည်ဖြစ်ရာ ထိုကာလအတွင်း ကား လေလံကုမ္ပဏီများလည်း ခေတ္တပိတ်မည်ဖြစ်သည်။ နိုင်ငံတော် အစိုးရမှ စက်တင်ဘာလဆန်းပိုင်းမှစ၍ ကားအရောင်းစင်တာ များ၌ ၂ဝဝ၈ မိုဒယ်နှင့်အထက် ကားများကို တင်သွင်းရောင်း ချခွင့်ပြုမည်ဖြစ်ရာ ထိုကားများသည် ဂျပန်လေလံ၌ ဈေးနှုန်း မြင့်တက်လာဖွယ်ရှိကြောင်းလည်း ကားအရောင်းစင်တာများမှ သုံးသပ်ထားကြသည်။

အခြားသတင်းတစ်ရပ်အရ ဂျပန်ကားလေလံကုမ္ပဏီ တစ်ခုဖြစ်သော JP Centre သည် ရန်ကုန်မြို့၌ JPC Myanmar Auto Service အဖြစ် ဝပ်ရှော့တစ်ခုဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ JPC Myanmar Auto Services ကို သြဂုတ် ၁ဝ ရက်တွင် အမှတ်-၃/၄၊ နဝဒေးဥယျာဉ်အိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့၊ Victoria ကုန်တိုက်အနီးတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ JPC Myanmar Auto Services သည် ဂျပန်မှ မှာယူတင်သွင်းထားသည့် ကားအမျိုးအစားပေါင်းစုံကို ခေတ်မီစက်ကိရိယာများဖြင့် ပြုပြင်ပေး သွားမည်ဖြစ်သည်။

Auto Mobile Journal မှ ကူးယူဖော်ပြသည်။

Photo credit by mariordo59

Author