တစ်ပတ်အတွင်း သတင်းများ

0

Full article

_သယ်ယူပို့ဆောင်ရေးမူဝါဒနှင့် လုပ်ထုံးလုပ်နည်းအပြောင်းအလဲများ_
_မြန်မာမီးရထား_ အဆင့်မြင့်တင် ပြေးဆွဲနိုင်ရန်နဲ့ အမြန်ရထားလမ်းပိုင်းများမှာ အသုံးပြုနိုင်ရန် ၂ဝ၁၈ ခုနှစ်တွင် ကိုးရီးယားနိုင်ငံထုတ် ရထားတွဲဆိုင်း ၁ဝဝ ကို ဝယ်ယူသွားတော့မှာဖြစ်ပါတယ်။ နှစ်နိုင်ငံတူညီချက်ဖြင့် ကိုရီးယားနိုင်ငံမှ ဒေါ်လာသန်း ၁ဝဝ ချေးငွေရယူကာ ဝယ်ယူသွားမှာ ဖြစ်ပါတယ်။ ယင်းရထားတွဲဆိုင်း ၁ဝဝ ကို ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် ရထားလမ်းပိုင်းများတွင် ပြေးဆွဲသွား မှာဖြစ်ပါတယ်။ _မြေအောက်ရထားလမ်းနှင့် မြေအောက်ကားလမ်းများ_ ဖောက်ရန် အစီအစဉ်ရေဆွဲထားပြီး မကြာမီအကောင်အ ထည်ဖော်ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ ရထားလမ်းပိုင်းများကို မြေအောက်ရထားလမ်းများ ဖောက်လုပ်ရန်နဲ့ ကားလမ်းပိုင်းများအတွက် မြေအောက်ဥမင်လိုဏ်ခေါင်းဖောက်လုပ် ဆက်သွယ်ရန် ကျွမ်းကျင်နည်းပညာရှင်များ နဲ့ ဒီဇိုင်းများကို အသေးစိတ်ရေးဆွဲထားရှိထားတယ်လို့ သိရပါတယ်။ _YBS ယာဉ်စီးခပေးကဒ်စနစ်_ ရမယ့် ကုမ္ပဏီကို Yangon Payment Services တင်ဒါရွေးချယ်ရေးအဖွဲ့က ဇန်နဝါရီ ၁ဝ ရက်နေ့တွင်အပြီး ရွေးချယ်သွားမှာဖြစ်ပါတယ်။ စကာတင်အဖြစ် Anypay payment service ကုမ္ပဏီ၊ Asia starmar Transport Intelligent ကုမ္ပဏီနဲ့ Excel KC Myanmar ကုမ္ပဏီတို့ကို ရွေးချယ်ထားပါတယ်။ _ကားထုတ်လုပ်မှုကို SKD စနစ်မှ CKD စနစ်_ သို့ ပြောင်းလဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယခုလောလော ဆယ် SKD စက်ရုံ ၇ ရုံရှိကာ အချိန်တစ်ခုပြည့်ရင် ယာဉ်တစ်စီးလုံးကို ထုတ်လုပ်နိုင်တဲ့ CKD စနစ်ပြောင်းလဲ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မော်တော်ယာဉ်များ စနစ်တကျ ထုတ်လုပ်နိုင်ဖို့အတွက် ဥပဒေရေးဆွဲထုတ်ပြန် မှု အခြေအနေမှာ နောက်ဆုံးအဆင့်ရောက်နေပြီး ၂ဝ၁၈ အတွင်း ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ _ကားဈေးကွက်အပြောင်းအလဲများ_ _Max Myanmar_ ကုမ္ပဏီက ၂ဝ၁၈ ဇန်နဝါရီလဆန်းမှာ လူထုမိတ်ဆွေအမည်ဖြင့် ယာဉ်လိုင်းသစ် စတင်ပြေး ဆွဲသွားမှာဖြစ်ပါတယ်။ Foton ၂ဝ၁၇ မိုဒယ် ကားသစ်ကားအမျိုးအစား ၅ဝဝ ဖြင့် ပြေးဆွဲသွားမှာဖြစ်ပါတယ်။ _လက်ရှိ CIF တန်ဖိုး_ ဖြင့် သာ ၂ဝ၁၇ ကားတင်သွင်းမှုလိုင်စင်များ စည်းကြပ်ကောက်ခံဦးမှာဖြစ်ပြီး ၂ဝ၁၈ ကားတင်သွင်းမှုလိုင်စင်အသစ်များကိုတော့ WTO Valuation အတိုင်း အခွန်းစည်းကြပ်သွားမှာ ဖြစ်ပါတယ်။ ၂ဝ၁၈ ဇန်နဝါရီ ၁ တွင် ပြည်ပက မော်တော်ကားတင်သွင်းမယ့် လိုင်စင်အသစ်များကို WTO Valuation အတိုင်း အခွန်းစည်းကြပ်သွားမှာဖြစ်ပြီး WTO Valuation အချက် ၆ ချက်ဖြင့် ဈေးနှုန်းသတ်မှတ် ကောက်ခံသွားမှာ ဖြစ်ပါတယ်။ _နယ်လိုင်စင်ကားများ_ ရန်ကုန်မြို့တွင် ဝင်ရောက်သွားလာမှုကို ကန့်သတ်သွားတော့မှာဖြစ်ပါတယ်။ နယ်လိုင်စင် ကားများကို မြို့ပြင်ထုတ်မှာမဟုတ်တဲ့အတွက် အခြားနိုင်ငံများတွင် လုပ်ဆောင်နေသကဲ့သို့ အခွန် ကောက်ခံမှု များ လုပ်ဆောင်လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Author