Aston Martin DB 10
ဒီကားဟာ Spectre ဇာတ်ကားသစ်ထဲမှာ James Bond မောင်းနှင်မယ့် ကားဖြစ်ပါတယ်.။ လောလောဆယ် နမူနာအဖြစ် (၁ဝ) စီးသာ ထုတ်လုပ်ထားခဲ့ပြီး (၁ဝ) စီးလုံးကို Spectre ရုပ်ရှင်ကားထဲမှာ ထည့်သွင်းအသုံးပြုခဲ့ပါတယ်.။ DB 10 တွေကို လက်နဲ့ပဲ တည်ဆောက်ထားတာဖြစ်ပြီး နမူနာတွေပဲဖြစ်တဲ့အတွက် ဈေးကွက်မှာ ရောင်းချဖို့ ထုတ်လုပ်ဦးမှာမဟုတ်ပါဘူး.။ ဒါပေမယ့် 2016 ခုနှစ်အတွင်း ထွက်ရှိလာမယ့် Aston Martin ကားတွေရဲ့ ဒီဇိုင်းပိုင်းကို ကြိုတင်ခန့်မှန်းဖို့တော့ လွယ်ကူခဲ့ပါတယ်.။ ဒီကားဟာ ဇာတ်ကားထဲမှာ ရောမမြို့နောက်ခံ လမ်းမတွေပေါ်မှာ James Bond ရဲ့ အဓိက ပြိုင်ဘက် ဗီလိန် Mr. Hinx ရဲ့ Jaguar C-X75 နဲ့ ယှဉ်ပြိုင်မောင်းနှင်မှာဖြစ်ပါတယ်.။
Jaguar C-X75
Jaguar ကုမ္ပဏီရဲ့ 2010 Paris Auto Show မှာ ပြသခဲ့တဲ့ Hybrid ပြိုင်ကားပေါ်မှာ အခြေခံတည်ဆောက်ထားတဲ့ ကားတစ်စီးဖြစ်ပါတယ်.။ စတင်ကြေညာချိန်မှာ မြင်းကောင်ရေ 200 ကျော် အထိ အင်ဂျင်ပါဝါရရှိပြီး 0-60 mph ကို 3 စက္ကန့်အတွင်းရောက်ရှိခဲ့တဲ့ ဒီကားဟာ အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်.။ Jaguar ကုမ္ပဏီဟာ ဒီကားကို အမှန်တကယ်ထုတ်လုပ်မှာမဟုတ်ဘဲ James Bond ရုပ်ရှင်ကားအတွက်သာ ရည်ရွယ်ထားတာဖြစ်ပါတယ်.။
Land Rover Defender Bigfoot
Land Rover Defender Bigfoot ကားတွေဟာ Range Rover Sport SVR တွေနဲ့ အတူ James Bond ရဲ့ ကားနောက်ကို လိုက်တဲ့ အခန်းတွေမှာ အသုံးပြုမှာဖြစ်ပါတယ်.။ ဒီကားတွေဟာ Land Rover ကုမ္ပဏီရဲ့ Special Vehicle Operations က ထုတ်လုပ်ထားတာဖြစ်ပြီး 37 လက်မ လမ်းကြမ်းမောင်း တာယာတွေနဲ့ Body အကာအကွယ်တွေ တပ်ဆင်ထားပါတယ်.။ ဒီကားတွေဟာ Land Rover ရဲ့ ထုတ်လုပ်ပြီးသမျှ ကားတွေထဲမှာ အမြန်ဆုံးနဲ့ Powerful အဖြစ်ဆုံး ကားများဖြစ်ပါတယ်.။
Range Rover Sport SVR
Range Rover Sport SVR ကားတွေဟာလဲ Land Rover တွေနဲ့ အတူ James Bond နောက်ကို လိုက်တဲ့ အခန်းမှာ ပါဝင်မှာဖြစ်ပါတယ်.။ လန်ဒန်မြို့နောက်ခံ အခန်းတွေသာမက နှင်းတွေထူထပ်တဲ့ တောင်တန်းတွေပေါ်မှာပါ မောင်းနှင်မှာဖြစ်တဲ့အတွက် Powerful ဖြစ်မှာတော့ သေချာပါတယ်.။
No. 1 Car Site in Myanmar