Jaguar Land Rover က ၎င်း၏ Range Rover Velar ကို မြန်မာနိုင်ငံ ဈေးကွက်သို့ စတင်မိတ်ဆက်

0

Full article

Land Rover သည် ၎င်း၏ အလတ်စားအရွယ် SUV ဇိမ်ခံကားဖြစ်သော Range Rover Velar ကို မြန်မာနိုင်ငံ ဈေးကွက်သို့ ယနေ့ (ဒီဇင်ဘာ ၁ ) တွင် စတင်မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။ Velar ကားသစ်သည် Rang Rover ၏ မျိုးဆက်လေးခုမြောက် ကားအမျိုးအစားဖြစ်ပြီး အဆိုပါကားကို ဝယ်ယူသူ များအား ၅ နှစ်အာမခံပေးသွားမည်ဖြစ်ကာ ၅ နှစ်အတွင်း ပျက်စီးယို့ယွင်းမှုများရှိပါက အခမဲ့ ပြင်ဆင်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ![](/redline/content/images/2017/12/range-rover-valer.jpg) "ယခု Velar ကားသစ်ကို ယခင် ဒီဇိုင်းတွေနဲ့ မတူပဲ မလိုအပ်တဲ့ အစိတ်အပိုင်းတွေ လျော့ချတဲ့ reductionism design concept နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီကားက ဇိပ်ခံကားဖြစ်တယ်၊ သပ်ရပ်လှပတဲ့ အတွင်း ပိုင်းပုံစံနဲ့ တည်ဆောက်ထားပါတယ်" ဟု Jaguar Land Rover ၏ အထွေထွေမန်နေဂျာ Ian Mclean က ဆို သည်။ Velar ၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂၂၃,ဝဝဝ ကစတင်ပြီး grade ပေါ်မူတည်၍ ၂၈ဝ,ဝဝဝ ထိရှိနိုင်ကြောင်း သိရသည်။ ![](/redline/content/images/2017/12/range-rover-valer-1.jpg)

Author