Jaguar Land Rover (Myanmar) မှ Beat the Budget Promotion ကို ကျင်းပပြုလုပ်

0

Full article

Jaguar Land Rover (Myanmar) မှ Beat the Budget Promotion ကို ဖေဖော်ဝါရီ ၂၅ ရက်မှ မတ်လ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်

နှစ်သစ်အခါသမယမှာကားသစ်ဝယ်ယူရန် စဉ်းစားနေသော Customer များအတွက် ရည်ရွယ်၍ အဆိုပါအရောင်းမြှင့်တင်ရေးအစီစဉ်ကိုဖန်တီးပေးခဲ့ရခြင်းဖြစ်သည်။

ယခုကျင်းပသွားမည့် "Beat the Budget Promotion" အစီစဉ်တွင် JLR ကားအမျိုးအစား အားလုံးကိုPre-order စနစ်ဖြင့် လာရောက်ဝယ်ယူပါက Customer များကိုလက်ရှိရောင်းချနေသော _ car price_၏ $3000 မှ $10000 အထိ Discount ဖြင့် ရောင်းချပေးသွားမည့်အပြင် ရန်ကုန်လိုင်စင်ပါ အပြီးစီး ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းလာတဲ့ ဒီလိုအချိန်ခါမှာ JLR Customer တွေကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ အခုလိုမျိုးကားသစ်တွေကိုအထူးဈေးနှုန်းတစ်ခုနဲ့ ရောင်းချပေးသွားဖို့ စီစဉ်ဖြစ် တာပါ။ "Beat the Budget Promotion" အစီစဉ်အတွင်းမှာကားဝယ်ယူမယ်ဆိုရင်တော့ ပုံမှန်ဈေးထက် တော့ အများကြီး လျော့ကျတာကိုခံစားရမှာပါ။ ကားအမျိုးအစားပေါ်တော့ မူတည်ပါတယ်။ နောက်ပြီး ရန်ကုန်လိုင်စင်ပါ အပြီးစီးဆောင်ရွက် ပေးတာကြောင့် Customer အတွက် အထူးကျေနပ်နှစ်သက် လိမ့်မယ်လို့ ထင်ပါတယ်" ဟု JLR (Myanmar) မှ Marketing Manager ကိုညိုသွေးက ပြောကြားခဲ့ပါတယ်။

Jaguar Land Rover (Myanmar) မှ တင်သွင်းရောင်းချနေသော မည်သည့်ကားအမျိုးအစားကို မဆိုနဂိုမူလ 3 Years Warranty Service ကိုပေးထားသော်လည်း ယခုအခါ Customer များကို ကျေးဇူးတုန့်ပြန်သောအားဖြင့် 5 Years Service ပါ ထပ်မံပေးအပ်သွားမှာလည်း ဖြစ်ကြောင်း သိရသည်။
Business

Author