ပီရူးနိုင်ငံတွင် ကျင်းပမည့် Jaguar Land Rover ၏ လမ်းကြမ်းကားခရီးစဉ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရ

0

Full article

ပီရူးနိုင်ငံတွင် နိုဝင်ဘာလ၌ ခြောက်ရက်ကြာ ကျင်းပပြုလုပ်မည့် Jaguar Land Rover ၏ လမ်းကြမ်းကား ခရီးစဉ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဒေါက်တာစိုးထွဋ်အောင်က ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။ဒေါက်တာစိုးထွဋ်အောင်သည် လာအိုနိုင်ငံတွင် ၂ဝ၁၇၊ စက်တင်ဘာ ၂၄ တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမပတ် လည်ပြိုင်ပွဲကို အနိုင်ရရှိခဲ့ခြင်းကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ကြောင်းသိရသည်။

"ဒါဟာ ကျွန်တော်အောင်မြင်ခဲ့ဖူးတဲ့ ကားမောင်းပြိုင်ပွဲ စိန်ခေါ်မှုတွေထဲက စိတ်လှုပ်ရှားရဆုံးပွဲ တစ်ခုပဲဖြစ်ပါတယ်" ဟု ဒေါက်တာစိုးကပြောပါသည်။ သူသည် အင်ဂျီအို (NGO) တစ်ခုတွင် အလုပ်လုပ်နေသည့် ဆေးဆရာဝန်တစ်ဦးဖြစ်ပြီး လမ်းကြမ်းများကို လုံခြုံစွာနှင့် ကျွမ်းကျင်စွာမောင်းနှင်သည့် အလေ့အထများကို အလေးထားသည့် သဘောဖြင့် မြန်မာနိုင်ငံ၏ ဝေးလံခေါင်းပါးသောဒေသများကို ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားလေ့ရှိသူ တစ်ဦးဖြစ်ပါသည်။

"ပီရူးနိုင်ငံမှာတွေ့ရမဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျွန်တော် စောင့်မျှော်လျက်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ကျေးလက် ဒေသနဲ့ သွားရောက်ရန်မလွယ်ကူသော နေရာတွေမှာ ကားမောင်းလေ့ကျင့်မှုများ ပြုလုပ်ပြီးနောက်ပိုင်း ကျွန်တော်ရဲ့ ကားမောင်းကျွမ်းကျင်မှုကို စမ်းသပ်စစ်ဆေးသွားရပါလိမ့်မယ်။ ကျွန်တော့်မှာ အခြားသော ယာဉ်မောင်းများထက် အား သာချက်တွေရှိမယ်လို့ မျှော်လင့်ပါတယ်။"

ဒေါက်တာစိုးထွဋ်အောင်သည် ၄×၄ မြန်မာအသင်းအဖွဲ့ဝင်နှင့် မြန်မာနိုင်ငံ လန်းရိုဗာကလပ်တို့၏ အသင်းဝင်ဖြစ်သလို မြန်မာနိုင်ငံလမ်းကြမ်းမောင်းသူများအဖွဲ့အစည်း (Myanmar Off Road Association) ကို စတင်ထူထောင် သူလည်း ဖြစ်ရာ ယင်းတို့သည့် လမ်းကြမ်းနှင့် စွန့်စွန့်စားစားကားမောင်းခြင်း အားကစားကို ပြုလုပ်လိုသော သူ၏ စိတ်အား ထက်သန်မှုကို ထင်ဟပ်စေပါသည်။

"လမ်းကြမ်းမောင်းနှင်မှုမှာ ဒေါက်တာစိုးရဲ့ ပြင်းထန်တဲ့ဆန္ဒ၊ စိတ်ပါဝင်စားမှုနဲ့ အတွေ့အကြုံတွေက သူ့အောင်မြင်မှု အတွက် အဓိကသော့ချက်တွေပဲဆိုတာ ထင်ရှားနေပါတယ်" ဟု မြန်မာနိုင်ငံဂျက်ဂွာ လန်းရိုဗာကား ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ မစ္စတာအိုင်ယင်မက်ကလင်းက ပြောပါသည်။

"ခြံစည်းခတ် ကွင်းပတ်လည် စိန်ခေါ်ပွဲအတွက် ရန်ကုန်မှာလုပ်တဲ့ အရည်အချင်းစစ်ပြိုင်ပွဲမှာ ဒေါက်တိုစိုးရဲ့ မောင်းနှင် ချိန်ဟာ ထူးထူးခြားခြားပင် ၃၂ စက္ကန့်သာရှိရာ အနီးကပ်ဆုံး ပြိုင်ဖက်ရဲ့ကြာချိန်ထက်ဝက်ရှိခဲ့ပါတယ်။ ကားတစ်စင်းကို ဘယ်လိုမောင်းရမလဲဆိုတာ သူကောင်းကောင်းသိပါတယ်။"

ဒေါက်တာစိုးသည် ဘဝတစ်သက်တာ မမေ့နိုင်သော လမ်းကြမ်းမောင်းနှင်မှု အတွေ့အကြုံများရရှိမည့် ကမ္ဘာပေါ်ရှိ အတော်ဆုံး စွန့်စွန့်စားစားကားမောင်းသူများ ပါဝင်ကြမည်ဖြစ်သော "လန်းရိုဗာအတွေ့အကြုံခရီး၊ ပီရူး ၂ဝ၁၇" ပွဲ၏ ပါဝင်ဆင်နွှဲသူတစ်ဦး ဖြစ်လာတော့မည်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ရဲ့အထက် မီတာ (၄၂ဝဝ) မှာရှိသည့် အင်ဒီး (စ်) တောင်တန်းတွေ ပေါ်မှာ ၆ ရက် ကြာ မောင်းနှင်ရမည့် ပြိုင်ပွဲဝင်များသည် ထူထပ်သော သစ်တောများကို ဦးစွာဖြစ်ပြီး ကြမ်းတမ်းသည့် အယ်(လ်)ပိုင်း တောင်တန်း၏ ရေခဲပြင်ပေါ်၌ ပြိုင်မောင်းရမှာဖြစ်သည်။

Author