Jaguar Land Rover ရဲ့ Test Drive အစီအစဉ်စတင်ကျင်းပ

0

Full article

၂၅၊ ဇန်နဝါရီ၊ ၂၀၂၀ - Jaguar Land Rover Showroom ဖြစ်တဲ့ အမှတ် (၃)၊ အင်းစိန်လမ်းမကြီး၊​၁၂ ရပ်ကွက်၊​ လှိုင်မြို့နယ်၊ ရန်ကုန်မြို့မှာ Jaguar Land Rover ရဲ့ မော်တော်ယာဉ်အမျိုးမျိုးအတွက် Test Drive အစီအစဉ်ကို စတင်ကျင်းပလျက်ရှိပါတယ်။ အစီအစဉ်ကတော့ ၂၅ နဲ့ ၂၆ (စနေနဲ့တနင်္ဂနွေ) နေ့တွေမှာ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအတွင်း Jaguar Land Rover ရဲ့ မော်တော်ကားတွေကို စမ်းသပ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

Test Drive အစီအစဉ်မှာ ပါဝင်တဲ့ မော်တော်ယာဉ်တွေကတော့ Jaguar E-Pace ၊ Jaguar XE ၊ Discovery Sport ၊ Range Rover Sport တို့ဖြစ်ကြပြီး စမ်းသပ်မောင်းနှင်မှုအပြင်ကိုမှ အခြားအစီအစဉ်များလည်းရှိသေးကြောင်းသိရပါတယ်။

အဆိုပါအစီအစဉ်တွေနဲ့ပတ်သက်ပြီး Jaguar Land Rover မှ Marketing Manager ကိုညိုသွေးမှ

"Jaguar Land Rover Myanmar က တင်သွင်းရောင်းချနေတဲ့ ဘယ်ကားကိုမဆို နဂိုမူလ 3 Years Factory Warranty ပေးထားတဲ့အပြင် Customer တွေကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ 5 Years Free Services ပါ ထပ်ပေါင်းပေးအပ်သွားမှာပါ။ နောက်ပြီး ကားဝယ်ယူသူတွေ ပိုမိုလွယ်ကူအဆင်ပြေစေဖို့ CB ဘဏ်နဲ့ချိတ်ဆက်ပြီးတော့လည်း အရစ်ကျဝယ်ယူလို့ရပါသေးတယ်။ CB ဘဏ်နဲ့ချိတ်ဆက်ပြီးဝယ်ယူမယ်ဆိုရင်တော့ 20% down payment နဲ့ ၅ နှစ်အထိ အရစ်ကျဝယ်ယူခွင့်ရမှာပါ။ ဒါတွေအပြင်ကိုမှ USD 20,000 ကျော်အထိ discount ခံစားခွင့်များလည်း ရနိုင်ဦးမှာပါ။ နောက်တစ်ချက်က Test Drive ကာလအတွင်း Emerald Bay ကနေ Condo Apartment တွေ၀ယ်မယ်ဆိုရင်လည်း 5% discount ခံစားခွင့်ရနိုင်မယ့် ထူးခြားတဲ့ အစီအစဉ်လည်းပါဝင်ဦးမှာပါ။" လို့ဆိုပါတယ်။

Jaguar Land Rover မှာ Test Drive မောင်းနှင်ဖို့အတွက်ဆိုရင်တော့ (bit.ly/JLRTestDrive ) Link ကနေဖြစ်ဖြစ် ဖုန်းနဲ့ဆက်သွယ်မယ်ဆိုရင်တော့

  • 09 426066615
  • 01 966034 to 38 (Ext: 300 or 400)

တို့ကနေပဲဖြစ်ဖြစ် ဆက်သွယ်မေးမြန်စုံစမ်း မောင်းနှင်လို့ရတယ်လို့ သိရပါတယ်။

Author