ဂျာဂွာလန်းရိုဗာက ၎င်း၏ Jaguar I-PACE ပြိုင်ကားကို စတင်မိတ်ဆက်

0

Full article

ဂျာဂွာလန်းရိုဗာသည် ၎င်း၏ လျှပ်စစ်ပြိုင်ကားစီးရီးဖြစ်သော Jaguar I-PACE ပြိုင်ကားကို ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့ ၌ စက်တင်ဘာလ ၁၂ တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။

အဆိုပါ လျှစ်စစ်ကားကို ၂ဝ၁၈ တွင် ထုတ်လုပ်သွားမည်ဖြစ်ပြီး ယခုအခါတွင် ယင်းကို ကြိုတင်ငွေပေးသွင်း၍ ဝယ်ယူမှုများပင် ရှိနေပြီဟု သိရသည်။

ဂျာဂွာလန်းရိုဗာ ၏ စီအီးအိုဖြစ်သည့် ဒေါက်တာရာဖ်စပတ်က "ကျွန်တော်တို့ အခုလက်ရှိတီထွင်နေတဲ့ နည်းပညာ ကြောင့် ကျနော်တို့ရဲ့ ကားချစ်သူတွေဆီကို စိတ်လှုပ်ရှားစရာကောင်းတဲ့ လျှပ်စစ်ကားတွေကိုပေးပို့နိုင်တော့မှာပါ။ အပြောင်းအ လဲဟာ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းပြီး ကျွန်တော်တို့ရဲ့ ကားချစ်သူတွေအတွက် မျှော်လင့်ထားတာထက် ပိုလုပ်ပေး ချင်ပါတယ်။ ၂ဝ၂ဝ ကစပြီး ဂျာဂွာလန်းရိုဗာရဲ့ ယာဉ်အားလုံးကို လျှပ်စစ်ယာဉ်အဖြစ် ပြောင်းလဲသွားမှာပါ။ ကားချစ်သူများအ နေနဲ့ ဘက်ထရီသုံးလျှပ်စစ်ကား၊ လျှပ်စစ်ဆီနှစ်မျိုးသုံးကား၊ လျှပ်စစ်ဆီနှစ်မျိုးသုံးအပျော့ကား၊ အလွန်သန့်ရှင်းတဲ့ ဓာတ်ဆီဒီ ဇယ်၊ အင်ဂျင် စတာတွေကို ရွေးချယ်ဝယ်ယူနိုင်မှာပါ" ဟုပြောကြားခဲ့သည်။

"အနာဂတ်မှာ ရွေ့လျားသွားလာတာဟာ ပျင်းစရာကောင်းမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေမှာ စိတ်အားထက်သန်မှုတွေပါဝင်သလို အရင်တုန်းကအတိုင်း အသုံးပြုတဲ့အခါမှာ တခြားသူတွေထက် ကွဲပြားနေပြီး လူအားကျ ဖွယ်ရာရှိတဲ့အပြင် စွမ်းဆောင်ရည်လည်းရှိနေမှာပါ။" ဟုလည်း ထပ်လောင်းပြောကြားသွားခဲ့သည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ဂျာဂွာလန်းရိုဗာသည် စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့် ကုန်ပစ္စည်းအသစ်များ၊ ဆန်းသစ်သည့် နည်းပညာများနှင့် တိုးမြင့်လာသည့် ထုတ်လုပ်ရေးစွမ်းဆောင်ရည်တို့တွင် ၄ ဘီလီယံစတာလင်ကျော်ကျော်ကို ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်းသိရသည်။

Author