Jaguar ကားကုမ္ပဏီမှ ၎င်း၏ ပထမဆုံး SUV ကားအသစ် F-Pace ကို ကြေညာ

0

Full article

Jaguar ကုမ္ပဏီမှ ၎င်း၏ ပထမဆုံး SUV ကားအသစ်ဖြစ်သော F-Pace ကို LA Auto Show မှာ မိတ်ဆက်ကြေညာခဲ့ပါတယ်.။ F-Pace ဟာ စွမ်းဆောင်မှုပိုင်းနဲ့ ဒီဇိုင်းပိုင်းကို အသားပေးထုတ်လုပ်ထားတဲ့ SUV ကားတစ်စီးဖြစ်ပြီး မြင်းကောင်ရေ 380 အား V-6 Engine ကို အသုံးပြုထားပါတယ်.။ 0-60 mph ကို 5.1 စက္ကန့်အတွင်း ရောက်ရှိနိုင်စွမ်းရှိပါတယ်.။

F-Pace ကို ဒီနှစ်အစပိုင်းမှာ Frankfurt Motor Show မှာ စတင်ပြသခဲ့တာဖြစ်ပြီး WiFi တပ်ဆင်ပါဝင်ထားပြီး Device (8) ခု အထိ ချိတ်ဆက်နိုင်ပါတယ်.။ 2017 Model အဖြစ်ထုတ်လုပ်မယ့် ဒီကားကို ရှေ့နှစ်ဆန်းမှာ စတင်မှာယူနိုင်ပြီဖြစ်ပြီး ဓာတ်ဆီအင်ဂျင်ကားအတွက် $42,390 နှင့် ဒီဇယ်အင်ဂျင်အတွက် $40,990 ကျသင့်မှာ ဖြစ်ပါတယ်.။

F-Pace ဟာ Jaguar ရဲ့ အောင်မြင်တဲ့ F-Type ကို ပြန်လည်တည်ဆောက် ဒီဇိုင်းထုတ်ထားတာ ဖြစ်တဲ့အတွက် ဒီဇိုင်းပိုင်းမှာ လှပသေသပ်ပြီး စွဲမက်ဖွယ်ကောင်းပါတယ်.။ အတွင်းပိုင်းမှာဆိုရင်လဲ WiFi စနစ်အပြင် 10 လက်မအရွယ် Touch Screen ပါဝင်တဲ့ Infotainment စနစ်၊ စပီကာ 11 လုံးပါဝင်တဲ့ အသံပတ်လည်စနစ်၊ အန္တရာယ်ကင်းရှင်းစေတဲ့ စနစ်များဖြစ်တဲ့ လမ်းမကို မျက်ခြေမပြတ် ထောက်လှမ်းပေးနေမယ့် Heads-up စနစ် အစရှိတာတွေလဲ ပါဝင်ဦးမှာဖြစ်ပါတယ်.။

Ref: Internet

www.carsdb.com

No. 1 Car Site in Myanmar

Author