ငြိမ့်ငြိမ့်ညောင်းညောင်း စီးနင်းနိုင်တဲ့ Jaguar E-PACE

0

Full article

ဇိမ်ခံကားကောင်းများစွာ တစ်နေရာတည်းမှာ ကြည့်ရှုဝယ်ယူနိုင်မယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဇိမ်ခံကား အရောင်းပြပွဲကို CarsDB က ဦးစီးကာ ယခုလ သြဂုတ် ၂၅ နဲ့ ၂၆ ရက်နေ့များမှာ ကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

ဒီပွဲမှာတော့ မြန်မာနိုင်ငံတွင်းရှိ အကောင်းဆုံးဇိမ်ခံကား များဖြစ်တဲ့ Jaguar, Land Rover, Peugeot, Ford, Volvo နဲ့ _ Mercedes_ အစရှိတဲ့ နာမည်ကြီး အမှတ်တံဆိပ်များစွာ ပါဝင်မှာဖြစ်ပါတယ်။ ယခုအခါမှာတော့ အဆိုပါကားများထဲက တစ်ခုဖြစ်တဲ့ Jaguar E-PACE ကားကို ယခုဆောင်းပါးမှာ သုံးသပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အတွင်းခန်းနှင့် အပြင်ခန်း

Jaguar E-PACE ရဲ့ ရှေ့မီးနဲ့ နောက်မီးများဟာ ခန့်ငြားလှပတဲ့ ဒီဇိုင်းဖြင့် ပုံဖော်ထုတ်လုပ်ထား ခြင်းဖြစ်ပြီး ကိုယ်ထည်မှာလည်း ရိုးရိုးဇိမ်ခံကားပုံစံမျိုးမဟုတ်ဘဲ sporty ဆန်ဆန် ကားပုံစံမျိုးဖြစ်နေပါတယ်။

ကားရဲ့ ခေါင်းပိုင်းမှာလည်း ဒိုင်းနမစ်ဖြစ်တဲ့ roofline တစ်စုံပါဝင်ပြီး ကား နောက်ပိုင်း ဇောက်မတ်ခုံးကြွတဲ့ မှန်ဟာလည်း E-PACE ကို ခန့်ညားတဲ့ ကားတစ်စီးမျိုးဖြစ်အောင် အားဖြည့်ပေးထားပါတယ်။ သင်တံခါးဖွင့်လိုက်တိုင်း ထွက်ပေါ်လာတဲ့ ဘေးတံခါးထဲတွင် တပ်ဆင်ထားသော မီးများဟာ ကားရဲ့ ကြွားရွားမှုကို ဖော်ပြပေးနေတဲ့အတွက် E-PACE ဟာ ကားမောင်းနှင်နေစဉ်သာမက တံခါးအဖွင့်အပိတ်လုပ်တဲ့အခါတိုင်း ငေးကြည့်ရလောက်တဲ့ ကား တစ်စီးဖြစ်ပါတယ်။

၂၁ လက်မအရွယ် ကားအလွိုင်းဘီးဒီဇိုင်းဟာလည်း E-PACE ရဲ့sporty ပုံစံကို အထောက်အပံ့ဖြစ်စေပါတယ်။ အတွင်းခန်းဟာ ဇိမ်ခံကားတစ်စီးမှာရှိသင့်တဲ့ အင်္ဂါရပ်တွေနဲ့ပြည့်စုံအောင် အကောင်းဆုံးဒီဇိုင်းပုံစံများဖြင့် အသေးစိတ်တပ်ဆင်ထားပါတယ်။ လယ်သာ စတီယာရင်၊ လှပတဲ့ dash board ဒီဇိုင်းနဲ့ ရှေ့ခန်းထုံခုံနှစ်ခုရဲ့ အလယ်တွင်ထားရှိထားတဲ့ cubby box တို့ဟာ သီးခြားလှ ပတဲ့ E-PACE ရဲ့ ဂုဏ်ရည်များပဲဖြစ်ပါတယ်။

အင်ဂျင်နှင့် စွမ်းဆောင်ရည်

E-PACE တွင် တပ်ဆင်ထားသော ၂.ဝ လီတာ ဒီဇယ်/ဓာတ်ဆီ အင်ဂျင်ဟာ စွမ်းဆောင်ရည်မြင့်မားလှတဲ့ အင်ဂျင်အမျိုးအ စားဖြစ်ပါတယ်။ ဒီဇယ်အင်ဂျင်တွင်ပါဝင်တဲ့ AdBlue နည်းပညာဟာ နိုထရိုဂျင်အောက်ဆိုဒ်ထွက်တဲ့ ပမာဏကို ၉ဝ ရာခိုင်နှုန်းအထိလျော့ချပေးတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်။ ၁ ပါလံကို မိုင် ၅ဝကျော် သွားနိုင်တဲ့ အတွက် ဆီစားနှုန်းလည်း သက်သာစေပါတယ်။ E-PACE တွင် အော်တိုဂီယာကိုးချက်ထိုးကားရှိသလို ခြောက်ချက်ထိုးကားလည်းရှိပြီး သင့်ရဲ့ ကားမောင်းတဲ့ပုံစံပေါ် မူတည်ကာ သင့်တော်သလို ဂီယာအပြောင်းအလဲများကို ချောချောချူချူ ဆောင်ရွက်ပေးပါတယ်။ သင်ဟာ ပိုပြီး ဆီစားနှုန်းသက်သာတဲ့ ကားကို မောင်းစေချင်ရင်တော့ ဂီယာခြောက်ချက်ထိုး E-PACE ကားရွေးချယ်သင့်ပါတယ်။

ဖျော်ဖြေရေးနည်းပညာ

E-PACE မှာ ပါဝင်တဲ့ ၁ဝ လက်မ အရွယ်အစား touchscreen ဟာ အော်ဒီယိုနဲ့ ဗီဒီယို ဖျော်ဖြေရေး စနစ်များပါဝင်ပြီး အသံဖြင့်လည်း ထိန်းချုပ်လို့ရနိုင်ပါတယ်။ ဒါ့အပြင်ကို ယာဉ်မောင်းသူရဲ့ စတီယာရင် ရှေ့မှာရှိတဲ့ ဒိုင်ခွက်ဟာ ကားရဲ့ လုံခြုံရေးအချက်ပြစနစ်တွေ၊ ဖျော်ဖြေရေး၊ ဖုန်းနဲ့ လမ်းအချက်ပြမြေပုံစနစ်တွေကို လိုအပ်သလို ဖော်ပြပေးနေမှာဖြစ်ပါတယ်။ ယာဉ်မောင်းသူရှေ့ လေကာမှန်ရဲ့ အောက်ပိုင်းနားမှာလည်း ကားရဲ့မြန်နှုန်း၊ ဂီယာအနေအထားနဲ့ လမ်းအချက်ပြမြေပုံကို ဖော်ပြပေးတဲ့ ကြည်လင်ပြတ်သားပြီး ရုပ်ထွက်ကောင်းတဲ့ Head-up display နည်းပညာ ပါဝင်ပါတယ်။ ကားအတွင်းခန်း ပတ်ပတ်လည်တွင် speaker ၆ လုံးပါရှိတဲ့အတွက် အသံထွက်စနစ်မှာ အလွန် ကောင်းမွန်ပါတယ်။

လုံခြုံမှု

E-PACE တွင် လေအိပ်ခြောက်လုံးပါရှိပါတယ်။ ပါကင်ထိုးရာတွင် သတိပေးအချက် ပြတဲ့ park assist၊ တောင်တက်၊ တောင်ဆင်းတွင် ကားရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတဲ့ hill assist၊ စိုစွတ်သောလမ်းများတွင် လမ်းချော်ပါက ဘီးရဲ့ လည်အားကိုထိန်းပေးတဲ့ electronic transaction control၊ ကလေးငယ်များလိုက်ပါစီးနင်းရင် အသုံးပြုတဲ့ ISOFIX လုံခြုံရေးခါးပတ်၊ လမ်းချော်မှုကို ကာကွယ်ပေးသော anti-breaking စနစ် အစရှိတဲ့ လုံခြုံရေးစနစ်များစွာပါဝင်ပါတယ်။

နိဂုံးချုပ်အားဖြင့် ဆိုရလျှင် အထက်ကဖော်ပြသလို Jaguar E-PACE ကားဟာ လှပပြီး အထက်တန်းဆန်လှတဲ့ ဒီဇိုင်း၊ အင်ဂျင်ရဲ့ စွမ်းဆောင်ရည်မြင့်မားမှုနဲ့ စိတ်ချရတဲ့ လုံခြုံရေးစနစ်များပါဝင်တဲ့အတွက် အဆင့်အတန်းမြင့်မားလှတဲ့ ဇိမ်ခံကားကောင်းတစ်စီးဖြစ်ပါတယ်။

Jaguar E-PACE ကို ကြည့်ရှုဝယ်ယူချင်လျှင်တော့ သြဂုတ်လ ၂၅ နဲ့ ၂၆ မှာ Novotel Yangon Max Hotel မှာ ကျင်း ပပြုလုပ်တော့မယ့် CarsDB Luxury Auto Show ကို လာခဲ့ဖို့ ဖိတ်ခေါ် ပါတယ်။

Author