မြန်မာ့ Truck ကားလောကအတွက် IVECO Truck ကြီးများ

0

Full article

အီတလီနိုင်ငံတွင် ထုတ်လုပ်လျက်ရှိသော IVECO ကားများကို Myanmar Synergy Co., Ltd. မှ မြန်မာနိုင်ငံတွင် ၂ဝ၁၂ ခုနှစ်မှ စတင်၍ တင်သွင်းဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည်။ IVECOကားများကို အီတလီနိုင်ငံတွင် ၁၉၇၅ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး အလတ်စား၊ အကြီးစားလုပ်ငန်းသုံးယာဉ်များ၊ အပြင် မြို့တွင်း/မြို့ပြင်အသုံးပြုနိုင်သော ဘတ်စ်ကားများ၊ မီးသတ်ကားများနှင့် လုပ်ငန်းသုံး ယာဉ်များကိုပါ ထုတ်လုပ်လျက်ရှိပါသည်။ IVECO မှ လုပ်ငန်းသုံးယာဉ်များကို အစီးရေ ၂ သိန်းကျော် ခန့် ထုတ်လုပ်ထားရှိပြီး၊ တစ်နှစ်လျှင်ပျမ်းမျှဝင်ငွေ ယူရို ၁၉ ဘီလီယံအထိ ရှာဖွေပေးနေသည့် နာမည်ကျော် ကားကုမ္ပဏီကြီး တစ်ခုလည်းဖြစ်ပါသည်။

Myanmar Synergy Co., Ltd. မှ IVECO ကားများကို လုပ်ငန်းသုံးယာဉ်၊ လူစီးယာဉ်နှင့် ကုန်စည် ပို့ဆောင်ယာဉ်ဆိုပြီး အမျိုးအစား(၃)မျိုးအဓိကထားကာ တင်သွင်းနေပါသည်။ ယင်းIVECOကားများသည် အီတလီနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် တပ်ဆင်ထုတ်လုပ်သော အမျိုးအစားနှစ်မျိုးလုံးဖြင့် တင်သွင်းရောင်းချပေးလျက်ရှိပြီး လုပ်ငန်းသုံးယာဉ်အတွက် Trakker, 682 Tractor Head, 682 Dump Truck နှင့် 682 Concrete Mixer ဆိုပြီး လုပ်ငန်းအမျိုးအစားအလိုက် ရွေးချယ်ဝယ်ယူနိုင်အောင် Myanmar Synergy ကုမ္ပဏီ မှ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ လူစီးယာဉ်များအတွက် Powerdaily Minibus ရှိပြီး (၁ဝ)ယောက်စီး၊ (၁၅)ယောက်စီးနှင့် (၁၉)ယောက်စီး ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ကုန်စည်ပို့ဆောင်ရေး ယာဉ်အတွက်ကတော့ Powerdaily Van အမျိုးအစားတွင် 5 တန် ယာဉ် V50 မှာ 15.4m3, 4.2 တန် ယာဉ် V42 မှာ 12.3m3 နှင့် 3.6 တန် V36 မှာ 8m3 အကျယ် ကုန်တင်ခန်းတွေကိုပါ ရရှိနိုင်မှာဖြစ်ပါသည်။

IVECO သည် CNH Industrial ၏ Brand တစ်ခုဖြစ်သည့်အပြင် CNH Industrial သည် ကမ္ဘာ့ဈေးကွက် နယ်ပယ်တွင် အမျိုးမျိုးသော စီးပွားရေး လုပ်ငန်းများ၊ ဒီဇိုင်းများရေးဆွဲ ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်၊ ယာဉ်၊ ယန္တရားကြီးများ၊ လုပ်ငန်းသုံးယာဉ်များ၊ စီးပွားရေးလုပ်ငန်း သုံးယာဉ်များ၊ ဘတ်စ်ကားများနှင့် အထူးထုတ်ယာဉ်များကို ထုတ်လုပ်ရောင်းချပေးနေသော စက်မှုလုပ်ငန်းစုတစ်ခု ဖြစ်ပါသည်။ CNH Industrial သည် ဖွံ့ဖြိုးပြီးနိုင်ငံပေါင်း (180)ကျော်တွင် သုတေသနလုပ်ငန်းပေါင်း (49)ခု၊ ကုန်ထုတ်စက်ရုံပေါင်း (64)ခု ကျော်၊ ဝန်ထမ်းအင်အား (63000) ကျော်ဖြင့် ဖွဲ့စည်းတည်ရှိထားပါသည်။

IVECO ကားများကို မြန်မာနိုင်ငံတဝန်းလုံး အစီးရေ 500 ကျော်ခန့် ရောင်းချထားပြီးဖြစ်ပါသည်။ လုပ်ငန်းသုံးကားများဖြစ်သည့် Trakker Tractor Head နှင့် 682 Tractor Head အမျိုးအစားများကို ရန်ကုန်၊ မန္တလေးနှင့် ဖားကန့်မြို့တို့တွင် ရောင်းချလျက်ရှိပြီး Powerdaily Minibus ကားများကိုတော့ မန္တလေး၊ မြင်းခြံ နှင့် အထက်မြန်မာပြည် မြို့ကြီးများတွင် အဓိကထား ရောင်းချလျက်ရှိပါသည်။ ကမ္ဘာထိပ်တန်း Brand (၅)မျိုးထဲမှာIVECO ကားသည်လည်း တစ်ခု အပါအဝင် အဖြစ်ရပ်တည် လျက်ရှိနေပါသည်။ IVECO ကားများ၏ အကြမ်းခံမှု၊ လုံခြုံစိတ်ချရမှု၊ သက်သောင့်သက်သာရှိမှု၊ တာရှည်အသုံးပြုနိုင်မှုများသည် ဥရောပ၊ အာရှ၊ အာဖရိကအပါအဝင် တစ်ကမ္ဘာလုံးအနှံ့အပြားတွင်ပါ အောင်မြင်မှု ရယူနိုင်ထားသည့် brand အမျိုးစားဖြစ်ပါသည်။ 682 Model ကားများတွင် Cursor 9 engine ကို အသုံးပြုထားသည့်အတွက် ဆီစားနှုန်း လျော့ချပေးနိူင်ပါသည်။ ဥရောပနည်းပညာ ဒီဇိုင်းနှင့်ထုတ်လုပ်ထားတာ ကြောင့် လုံခြုံစိတ်ချရမှုနှင့် တာရှည်အသုံးခံမှု တို့ကIVECO အောင်မြင် ကျော်ကြားရခြင်း၏ အဓိက အကြောင်းရင်းဖြစ်ပါသည်။

IVECO ကားများကို ငွေအရစ်ကျစနစ်များဖြင့် ရောင်းချပေးသည့် အပြင်၊ ဘဏ်နှင့်ချိတ်ဆက်ပြီး Hire Purchase စနစ်ဖြင့်လည်း (၁)နှစ် သို့မဟုတ် (၂)နှစ် installment နဲ့ ဝယ်ယူနိုင် အောင် စီစဉ်ထားရှိပါသည်။IVECO ကားများကို အာမခံ အနေနဲ့ တစ်နှစ် (သို့မဟုတ်) ကီလိုမီတာ 100,000 အထိ အာမခံပေးထားပြီး ယင်းကာလအတွင်း စက်ချို့ယွင်းမှုများကို ပစ္စည်း၊ လက်ခ အခမဲ့ပြုပြင်ပေးလျက်ရှိပါသည်။ After Sales Service အနေဖြင့် Service Hot Line ထားရှိပြီး၊ 24 နာရီဖုန်းခေါ်ဆိုနိုင်သည့်အပြင် ရန်ကုန်ဧရိယာ အတွင်းဆိုပါက 2နာရီအတွင်း လာရောက်ပြုပြင်ပေးနိုင်အောင် Mobile Service Team ဖွဲ့စည်းထားရှိပါသည်။ ရန်ကုန်၊ မန္တလေးနှင့် ဖားကန့်တို့တွင် Spare Parts Center များ ထားရှိပြီး အပိုပစ္စည်းများကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်အောင်စီစဉ်ထားရှိပါသည်။ Myanmar Synergy Co., Ltd. Showroom နဲ့ Service Centre ကို အမှတ် – အိုင်(၂)၊ စက်မှုဇုန်ပင်မလမ်းနှင့် အလယ်လမ်းထောင့်၊ အနော်ရထာစက်မှုဇုန်အပိုင်း(၂)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိပါသည်။ ရုံးခွဲများကိုလည်း မန္တလေးမြို့နှင့် ဖားကန့်မြို့ တို့တွင် ဖွင့်လှစ်ထားရှိ နေပါပြီ ဟု သတင်းရရှိပါသည်။

Author