IVECO သည် အာဖရိကနှင့် တောင်အမေရိကတိုက်တို့ရှိ ကားပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိ

0

Full article

IVECO သည် အာဖရိကတိုက်ရှိ Africa Eco Race 2018 Truck ပြိုင်ပွဲနှင့် တောင်အမေရိကတိုက်ရှိ Dakar 2018 ကားပြိုင် ပွဲတို့တွင် အောင်မြင်မှုများရရှိခဲ့ကြောင်းသိရသည်။

မော်တော်ယာဉ်အစင်းရေ ၁ဝဝ ကျော်နှင့် ပါဝင်ယှဉ်ပြိုင်သူပေါင်း ၂ဝဝ ကျော်ရှိသော Africa Eco Race 2018 Truck ပြိုင်ပွဲသည် အီတလီနိုင်ငံ Monaco မှ စတင်ထွက်ခွာခဲ့ပြီး အာဖရိကတိုက်ရှိ Morocoo နှင့်Mauritania နိုင်ငံတို့ကို ဖြတ်ကျော်ကာ နောက်ဆုံး Senegal နိုင်ငံ Lac Rose မြို့တွင် ပန်းဝင်ခဲ့ကြောင်းသိရသည်။

Team ချန်ပီယံများဖြစ်ကြသော အဖွဲ့ခေါင်းဆောင် Gerard De Rooy #400 Iveco Powerstar ၊ တွဲဖက်ယာဉ်မောင်း Moi Torrallardona ၊ စက်ပိုင်းဆိုင်ရာ နည်းပညာထောက်ပံ့ပေးသူ Darek Rodewald နှင့် အဖွဲ့ခေါင်းဆောင် Wuf Van Ginkel #403 Iveco Powerstar ၊ တွဲဖက်ယာဉ်မောင်း Erik Kafman ၊ စက်နည်းပညာထောက်ပံ့ပေးသူ Bert Van Donekelaar တို့သည် ဆန်းသစ်သည့် နည်းပညာများ အသုံးပြုထားသော Iveco truck ကား ၂စီးတို့ဖြင့် ပြိုင်ပွဲဝင်ခဲ့ ခြင်းဖြစ်သည်။

ထို့အပြင် တောင်အမေရိကတိုက်တွင် ပြုလုပ်သော Dakar 2018 ပြိုင်ပွဲသည် Dakar ၏ အကြိမ် ၄ဝ မြောက်နှင့် တောင်အမေ ရိကတိုက်တွင် ၁ဝကြိမ်မြောက်ဖြစ်ပြီး Peru နိုင်ငံမှ စတင်ထွက်ခွာခဲ့ကာ Bolivia နိုင်ငံကို ဖြတ်ကျော်၍ Argentina နိုင်ငံ Cordoba မြို့တွင် ပန်းဝင်ခဲ့ကြောင်းသိရသည်။

Team ချန်ပီယံများ ဖြစ်ကြသော အဖွဲ့ခေါင်းဆောင်များဖြစ်သည့် Ton Van Genugten #509 Iveco Powerstar ယာဉ်၊ တွဲဖက်ယာဉ်မောင်း Peter Willemsen ၊ စက်ပိုင်းဆိုင်ရာ နည်းပညာထောက်ပံ့ပေးသူ Bernard der Kinderen နှင့် အဖွဲ့ခေါင်းဆောင် Kazakh Artur Ardavichus #508 Iveco powerstar ယာဉ်၊ တွဲဖက်ယာဉ်မောင်း Serge Bruynkens ၊ စက်ပိုင်းဆိုင်ရာ နည်းပညာထောက်ပံ့သူ Michel Huisman တို့သည်လည်း ဆန်းသစ်သည့် နည်းပညာများဖြင့် Dakar 2018 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြောင်းသိရသည်။

IVECO သည် အဆိုပါ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော Petronas De Rooy Iveco အဖွဲ့က အသုံးပြုသည့် ယာဉ်များ၊ အင်ဂျင်များနှင့် ယာဉ်အပိုပစ္စည်းများကို ကူညီထောက်ပံ့ပေးလာခဲ့ရာ ယခုဆိုလျှင် ၈ နှစ်ဆက်တိုက်ရှိ နေပြီဖြစ် ကြောင်းသိရသည်။
Business

Author