ရန်ကုန်မြို့တွင်းခြောက်မြို့နယ်တွင် သတ်မှတ်ဇုန်များခွဲထားကာ ယာဉ်ရပ်နားခ ကောက်ခံမှုကို အောက်တိုဘာလ ၁ ရက်မှစတင်ဆောင်ရွက်မည်

0

Full article

ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်း ကန့်သတ်ဇုန် ( parking restricted zone) ၈ ဇုန်သတ်မှတ်ထားရာ ယာဉ်ရပ်နား ကန့်သတ်ဇုန် ၅ ဇုန်တွင် ယာဉ်ရပ်နားခ ကောက်ခံရန် တင်ဒါအောင်မြင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်ကစ၍ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ တစ်နာရီ ၂ဝဝ ကျပ်နှုန်းကျနှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် ကျန်ရှိနေသေးသော ဇုန် ၃ ဇုန်အတွက် တင်ဒါပြန်လည်ခေါ်သွားမည်ဖြစ်ကာ မြို့တွင် ၆ မြို့နယ်အတွင်း လမ်းမကြီးများနှင့် အမည်တပ်လမ်းများတွင် ယာဉ်နားခကောက်ခံရန် ဇုန်အလိုက် တင်ဒါခွင့်ပြုထားကြောင်း သိရသည်။

" ယာဉ်ရပ်နားခကောက်ခံဖို့ တင်ဒါလုပ်ကိုင်ခွင့်ရရှိသူတွေ ဇုန်အလိုက်သတ်မှတ်ထားတယ်။ ဇုန် ၈ ဇုန်ရှိတာက တင်ဒါအောင်တာ ၅ ဇုန်အောင်တယ်။ ယာဉ်ရပ်နားခကောက်ခံတဲ့ ဇုန်တွေကို မြေပုံအလိုက် မြို့တွင်း ၆ မြို့နယ်မှာသတ်မှတ်ပြီး အောက်တိုဘာလ ၁ ရက်ကစတင်ကာ ယာဉ်ရပ်နားခကောက်ခံမှာပါ။"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုလောလောဆယ်ထိ သိရသော အချက်အလက်များအရ ဆူလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိကို ဇုန် E နှင့် ပန်းဆိုးလမ်းမှ ဗိုလ်အောင်ကျော်လမ်းထိ ဇုန် F အဖြစ်သတ်မှတ်ထားပြီး ယာဉ်ရပ်နားခကို နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကောက်ခံသွားမည်ဖြစ်ရာ သတ်မှတ်ပြင်ပအချိန်များတွင် အခမဲ့ရပ်နားခွင့်ပြုမည်ဖြစ်သည်။

Transportation

Author