တစ်ဦးချင်းပိုင် YBS (ခ)များ ခရီးသည်တင်လုပ်ငန်းလိုင်စင် ပြုလုပ်ပေးခြင်း ယခုလကုန်မှစ၍ ယာဉ်လိုင်းကုမ္ပဏီကြီးများ ချိတ်ဆက်လုပ်ကိုင်ရမည်

0

Full article

ရန်ကုန်မြို့ ခရီးသည်ပို့ဆောင်ရေးတွင် ပြေးဆွဲနေလျှက်ရှိသော တစ်ဦးချင်းပိုင် YBS (ခ) ခရီးသည်တင်ယာဉ်များ လုပ်ငန်းလိုင်စင်လုပ်ဆောင်ခြင်းကို ယခုလကုန်မှစ၍ ယာဉ်လိုင်းကုမ္ပဏီကြီးများနှင့် ချိတ်ဆက်လုပ်ကိုင်သွားရမည် ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့က သိရသည်။

 YBS ခရီးသည်တင်ယာဉ်လိုင်းတွင် ဝင်ရောက်ပြေးဆွဲမည်ဆိုပါက YRTA တွင် ပြေးဆွဲခွင့် လျှောက်ထားရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ခရီးသည်တင် လုပ်ငန်းလိုင်စင် (ခ)ကို ပို့ဆောင်ဆက်သွယ်ရေးစီမံကိန်းဦးစီးဌာနတွင် လုပ်ငန်းလိုင်စင် လျှောက်ထားလုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။

"YBS တစ်ဦးချင်းပိုင်ကားတွေကို လုပ်ငန်းလိုင်စင် လုပ်တာကို ဒီလကုန်ကစပြီး YRTA ကသတ်မှတ်ထားတဲ့ ကုမ္ပဏီယာဉ်လိုင်းတွေနဲ့ချိတိဆက်ပြီးလုပ်ရမှာပါ။ အရင်က တစ်ဦးချင်းပိုင် ယာဉ်လိုင်းတွေကို လုပ်ငန်းလိုင်စင်လုပ်မယ်ဆိုရင် ယာဉ်လိုင်းအနေနဲ့သွားလုပ်တာက ယာဉ်လိုင်းကုမဏီ တွေကို တာဝန်ယူလုပ်ခိုင်းတာပါ။" ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ်လိုင်းခွဲပေါင်း ၁ဝ၉ လိုင်းရှိရာ ယာဉ်အစီးရေ ၆,ဝဝဝ ကျော်ပြေးဆွဲပေးနေပြီး ခရီးသည်တင် လုပ်ငန်းလိုင်စင် လျှောက်ထားပြီး လုပ်ငန်းလိုင်စင် သက်တမ်းတိုးလုပ်ကိုင်ရန် တစ်ဦးချင်းပိုင် ယာဉ်လိုင်းငယ်များလည်း ရှိနေကြောင်း သိရသည်။

Author