နယ်လိုင်စင် ကားတစ်စီးလျှင် ၅ဝဝဝ ကျပ်အခွန်တိုးကောက်မည်ဆိုသော သတင်းများမှာ ကောလဟာလသာဖြစ် ယခုထိ ဆွေးနွေးထားမှုမရှိသေး

0

Full article

နယ်လိုင်စင် ကားတစ်စီးလျှင် ၅ဝဝဝ ကျပ်အခွန်တိုးကောက်မည်ဆိုသော သတင်းများမှာ ကောလဟာလသာဖြစ် ယခုထိ ဆွေးနွေးထားမှုမရှိသေး ရန်ကုန်တိုင်းအတွင်း မောင်းနှင်သော နယ်လိုင်စင်ကားများ မြို့ဝင်တိုးဂိတ်များကနေ ကားတစ်စီးလျှင် ၅ဝဝဝ ကျပ်အခွန်တိုးကောက်မည်ဆိုသော သတင်းများမှာ ကောလဟာလသာဖြစ်ပြီး နယ်လိုင်စင်ကားများအခွန်တိုးကောက်ရန် ယခုထိ ဆွေးနွေးထားမှုမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးတက်ရောက်နေသူများကနေ သိရသည်။

ရန်ကုန်တိုင်းမြို့အဝင်တိုးဂိတ်များကနေ နယ်လိုင်စင်ကားတစ်စီးကို ၅ဝဝဝ ကျပ်ပေးဆောင်ရမည်ဆိုသောသတင်းများ ထွက်ပေါ်နေလျှက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထိုကိစ္စများ ဆွေးနွေးမှုမရှိသေးကြောင်းနှင့် လက်ရှိတွင် ရန်ကုန်ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းနိုင်ရန် ညှိနှိုင်း ဆွေးနွေးမှုများသာ ရှိကြောင်း သိရသည်။

"နယ်လိုင်စင်ကားတွေကို အခွန်တိုးကောက်မယ်ဆိုတာဆွေးနွေးထားတာလည်း မရှိပါဘူး။ ရန်ကုန်မှာနယ်လိုင်စင် နဲ့ စီးနေရတဲ့ အစိုးရဌာနကားတွေအများရှိကြီးတယ်။ဒီကားတွေကို နယ်နှင်ဖို့ဆွေးနွေးထားတာမရှိသလို ယာဉ်ကြောကြပ်တည်းတာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အကြံညဏ်တွေယူပီး လုပ်ဆောင်နေပါတယ်။ "ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲအစည်းအဝေးများသို့တက်ရောက်နေသူ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်ပြင်ပမြို့နယ်(၁၁) မြို့နယ်ဖြစ်သည့် မှော်ဘီ၊တိုက်ကြီး၊ လှည်းကူး၊ သန်လျင်၊ကျောက်တန်း၊ခရမ်း၊သုံးခွ၊ တွံတေး၊ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ထန်းတပင်မြို့နယ် တို့တွင် မြို့အဝင် တိုးဂိတ်တစ်ခုစီဆောက်လုပ်နေရာ ထိုသို့ တိုးဂိတ်ကနေ နယ်လိုင်စင်ကားများ အခွန်တိုးကောက်သွားမည်သတင်းများ ထွက်ပေါ်နေခြင်းကြောင့် နယ်လိုင်စင်ကားများ ဈေးနှူန်း ၁ဝ သိန်းအထိ ကျဆင်းလာနေကြောင်း သိရသည်။

Transportation

Author