စက်သုံးဆီဈေးမြင့်တက်နေမှုကြောင့် ကုန်စည်ပို့ဆောင်ခနှုန်းထားများတိုးမြှင့်သွားရန်ရှိ

0

Full article

ပြည်တွင်းစက်သုံးဆီဈေးနှုန်းမြင့်တက်မှု နှင့်ကုန်စည်ရရှိမှုနည်းပါးခြင်းကြောင့် တွက်ခြေမကိုက်၍ ရပ်နားထားရသည့် အဝေးပြေးကုန်တင်ယာဉ်လိုင်းများပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ကုန်စည်ပို့ ဆောင်ခများကို ၁ဝ ရာခိုင်နှုန်း ဝန်းကျင် တိုးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်အသင်းမှ သိရသည်။

"ကျွန်တော်တို့က  ဆယ်ရာခိုင်နှုန်းလောက် ကုန်စည်ပို့ဆောင်ခကိုနှုန်းကိုတက်လို့်ရှိရင် ကားသမားလဲလုပ်လို့ရမယ်။ လုပ်ငန်းရှင်တွေနဲ့ဝန်ထုတ်ဝန်ပိုးဖြစ်မသွားဘူး"ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်အသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်မိုးက ပြောကြားသည်။

ပြည်တွင်းစက်သုံးဆီဈေးများ တစ်ရိပ်ရိပ် မြင့်တက်လာနေသောကြောင့် ခရီးသည်တင်အဝေးပြေးကားများ၊ ကုန်စည်ပို့ဆောင်နေသော ယာဉ်လိုင်းများ၊ အဌားယာဉ်တက္ကစီ များက ပြေးဆွဲမှုခက်ခဲလာပြီး ယာဉ်လိုင်းများပြေးဆွဲမှုရပ်ဆိုင်းခြင်းများနှင့် ပြေးဆွဲသော ယာဉ်အစီးရေအား လျှော့၍ ပြေးဆွဲမှုများ ပြုလုပ်လာကြောင်းသိရသည်။

ယခုလအတွင်းစက်သုံးဆီ ဓာတ်ဆီဂါလန် ဂါလန် နှစ်သိန်း အားတစ်ဂါလန်လျှင် (၃,၈ဝဝ)ကျပ်နှုန်းဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) မှတဆင့် ယခုအောက်တိုဘာလအတွင်း ဆက်လက်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိသည်။

Author