ရန်ကုန်မြို့တွင်းရှိ CNG ဆိုင်များကို မြို့ပြင်သို့ပြောင်းရွှေ့ရန်အတွက်မှာ ၂၀၂၀ ခုနှစ်အတွင်း၌ ဖြစ်လာရန်ခက်ခဲ

0

Full article

ရန်ကုန်မြို့တွင်းရှိ CNG ဆိုင်များကို မြို့ပြင်သို့ပြောင်းရွှေ့ရန်အတွက်မှာ ၂၀၂၀ ခုနှစ်အတွင်း၌ ဖြစ်လာရန်ခက်ခဲကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဓါတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးမှ ပြောကြားခဲ့သည်။


“CNG ဆိုင်တွေကို နေရာပြောင်းရွှေ့ဖို့အတွက် MOGE ကနေ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီကို တင်ပြထားပြီးဖြစ်ပါတယ်။ သန်လျင်တံတား အမှတ် (၁) ခြေရင်းမှာရှိတဲ့ ဆိုင်ကတော့ နောက်အသစ်ဆောက်တဲ့ တံတားဦးနဲ့မလွတ်လို့ ရွှေ့ပြောင်းဖို့ စီစဉ်ထားပါတယ်။ နောက်ဆိုင်တွေကတော့ ဘက်ဂျက်အပေါ်မှာမူတည်ပါတယ်။ ရလာတဲ့ဘက်ဂျက်အပေါ် စွမ်းအင်ဌာနမှ ရှိတဲ့ ဌာနခွဲ ၁၀ ခုကိုခွဲဝေတဲ့နေရာမှာ ဘယ်ဟာကို အဓိကဆောင်ရွက်မလဲဆိုပြီး ဦးစားပေးခွဲပါတယ်။ ဒီလိုခွဲဝေတဲ့နေရာမှာ CNG စက်သစ်တွေဝယ်ယူရေးဟာ ဦးစားပေးဖြစ်ပါတယ်။ ဆိုင်တွေပြောင်းရွှေ့ဖို့အတွက်မှာက အခုနောက်ပိုင်းမှာ ဘက်ဂျက်တင်ရင် ပထမဆုံးမြေနေရာရှိရပါမယ်။ မြေနေရာတင်မကပါဘူး အဲဒီမြေနေရာကို လုံလောက်တဲ့အကာအရံ ကာရံထားရမှာဖြစ်ပါတယ်။ အကာအရံ ကာရံပြီးမှ ပြည်ထောင်စုအစိုးရမှာ ဘက်ဂျက်တင်ဖို့ ညွှန်ကြားချက်ထုတ်ထားပါတယ်။ မြေနေရာ ရရှိရေးကို တိုင်းဒေသကြီးအစိုးရက တာဝန်ယူထားပါတယ်။ မြေနေရာရရှိ ရင်တော့ ကျွန်တော်တို့အနေနဲ့ CNG ဆိုင်တွေကို အချိန်မရွေး ရွှေ့ပေးလို့ရပါတယ်။ အခု ၂၀၂၀ အတွင်းမှာတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မြေနေရာ ရဖို့က ဒီအချိန်မှာ အရမ်းခက်ပါတယ်”

ဟု မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓါတ်ငွေ့ဌာနမှ အထွေအထွေမန်နေဂျာ ဦးလှဝင်းဌေး က ပြောကြားခဲ့သည်။


မြန်မာတစ်နိုင်ငံလုံးတွင် CNG ဆိုင်အရေအတွက်စုစုပေါင်း ၄၆ ဆိုင်ရှိပြီး ရန်ကုန်တိုင်းတွင် ၄၁ ဆိုင်၊ မန္တလေးတွင် ၂ ဆိုင်၊ ချောက်တွင် ၁ ဆိုင်၊ ရေနံချောင်းတွင် ၂ဆိုင် တည်ရှိကာ CNG သုံးမော်တော်ယာဉ်အရေအတွက် စုစုပေါင်း ၂၈,၂၉၉ စီး ရှိကြောင်းသိရသည်။

Author