မီနီဘတ်စ်နဲ့စီးတီးဘတ်စ် ယာဉ်များအပ်နှံပီး လူစီးစလစ် ၁၈ စီးထုတ်ပေးထား

0

Full article

ရန်ကုန်မြို့တွင် ပြေးဆွဲနေတဲ့ခရီးသည်တင်ယာဉ်များဖြစ်သော မီနီဘတ်စ် နဲ့ စီးတီးဘတ်စ် ယာဉ်များကို

ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာနမှ အထူးအစီအစဉ်ဖြင့် အပ်နှံခွင့်ပြုပြီး လူစီးစလစ် ၁၈ စီးထုတ်ပေးထားရှိတယ်လို့သိရပါတယ်။နိုဝင်ဘာလ ၁၇ ရက်ကစတင်ကာ ခရီးသည်တင်များဖြစ်တဲ့ စီးတီးဘတ်စ်ကားတွေနဲ့ မီနီဘတ်စ် ကားများကို လူစီးစလစ်ထုတ်ပေးနေလျှက်ရှိသည်။အဆိုပါ ခရီးသည်တင်ယာဉ်များကို အပ်နှံပါက မထသ ဗဟို သို့စာရင်းတင်ပြရမှာဖြစ်ပီး ယခုလက်ရှိထိ ကညန တွင်အပ်နှံရမယ့်အစီးရေ စာရင်းပေးထားမှူက ၂၇ စီးရှိတယ်လို့သိရပါတယ်။

ဒီနေ့ထိ အပ်နှံဖို့စာရင်း ပေးထားတာက ၂၇ စီးအထိရှိပါတယ်။တစ်ကယ်လာအပ်တာကတော့ ၁၈ စီးအပ်နှံပီးဖြစ်ပြီး လူစီးစလစ်တွေထုတ်ပေးထားပါတယ်။ နောက်ထပ်အပ်နှံရမယ့်ကားတွေလည်းရှိပါသေးတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေကို အများပိုင်ယာဉ်လိုင်းအဖြစ်ပြောင်းလဲမှာဖြစ်တဲ့အတွက် အိုဟောင်းပျက်စီးနေသော ယာဉ်များကို အစားထိုးလဲလှယ်ရန် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Author