Inya myaing 22+ Car service center နှင့် Mobil 1 တို့ပူးပေါင်းပြီး “Expert care program” ပြုလုပ်

0

Full article

Inya myaing 22+ Car service center နှင့် အမေရိကန် brand Mobil 1 lubricant တို့ပူးပေါင်းပြီး "Expert care program" ပြုလုပ်သည့် မိတ်ဆက်ပွဲအခမ်းအနားကို ပြီးခဲ့သည့် သြဂုတ်လ (၆) ရက်နေ့က Inya myaing 22+ Car service center တွင်ကျင်းပခဲ့သည်။အဆိုပါအခမ်းအနားတွင် Inya myaing 22+ Car service center မှ "Expert care program" နှင့်ပက်သတ်ပြီး ရှင်းလင်းပြောကြားရာတွင် "Expert care program" ဆိုသည်မှာကားတစ်စီးလုံးတွင်ရှိသော လိုအပ်ချက်များကို one stop service အနေဖြင့် တစ်နေရာတည်းတွင် စစ်ဆေးပေးခြင်းဖြစ်ကြောင်း သရသည်။ထို "Expert care program" တွင် basic package နှင့် premium package (၂)မျိုးရှိပြီး basic package တွင် ကားရေဆေးခြင်း၊wiper စစ်ဆေးခြင်း၊ ဂီယာဝိုင် စစ်ဆေးခြင်း၊ ဘက်ထရီ စစ်ဆေးခြင်း၊ အင်ဂျင်ဝိုင် စစ်ဆေးခြင်း၊ တာယာ စစ်ဆေးခြင်း၊ အလိုင်းမန့် ချိန်ခြင်း နှင့် အခြား ဝန်ဆောင်မှုများ ပါဝင်ကြောင်း သိရသည်။

Premium Package တွင် Basic Package မှ ဝန်ဆောင်မှုများ အပြင် Spark Plugs စစ်ဆေးခြင်း၊ Test Drive စသည့် ဝန်ဆောင်မှုများလည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် Free Basic Package အနေဖြင့် ၈.၈.၂ဝ၁၆ မှ ၁၇.၈.၂ဝ၁၆ အတွင်း Mobil 1 Fully Synthetic အင်ဂျင်ဝိုင် 4L သို့မဟုတ် 5L လဲလှယ်သော customer များအတွက် အခမဲ့ ယာဉ်စစ်ဆေးခွင့် ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

Inya myaing 22+ Car service center တွင် ယာဉ်ပိုင်ရှင်များ အနေဖြင့် Free Member အဖြစ် အခမဲ့ ပြုလုပ်နိုင်ပြီး အသင်းဝင်ထားသူများကို အခြားဝန်ဆောင်မှုများ သက်သာသော နှုန်းထားဖြင့် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Expert Care Program တွင် Mobil 1 Lubricant မှလည်း ကားစစ်ဆေးခြင်းနှင့် ပက်သက်ပြီး သရုပ်ပြ လုပ်ဆောင်ပြသွားခဲ့ကြောင်းကိုလည်း သိရသည်။

ဖော်ပြပါ ဝန်ဆောင်မှုများကို စိတ်ဝင်စားပါက Inya Myaing 22+ Car Service Center ၊ အမှတ် ၄၃ A၊ အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ် သို့ သွားရောက် စစ်ဆေးနိုင်ပါသည်။

Author