မေး။ ။ Maximus Racing ကို စင်္ကာပူမှာ စတင်တည်ထောင်ခဲ့တယ်လို့သိရပါတယ်.။ အခု မြန်မာပြည်မှာလဲ လုပ်ငန်းတွေလုပ်ကိုင်နေပြီလို့ သိရပါတယ်.။ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ငန်းလုပ်ကိုင်နေလဲဆိုတာ သိပါရစေ.။
မြန်မာပြည်မှာ လာရောက်လုပ်ကိုင်ဖို့ ဖြစ်လာတာကတော့ ကျွန်တော်တို့ရဲ့ client တစ်ယောက်က စတာပါ.။ သူက စင်္ကာပူကို အလုပ်ကိစ္စနဲ့ ရောက်လာတဲ့အခါမှာ သူ့ကားကို ကျွန်တော်တို့က ပြုပြင်ပေးခဲ့ရပါတယ်.။ နောက်ပိုင်းသူက ရန်ကုန်မှာ သူ့စီးပွားရေးလုပ်ငန်းကို အခြေချတဲ့အခါ သူ့အိမ်က ပြိုင်ကားတွေကို သေသေချာချာပြုပြင်ပေးနိုင်မယ့် အတွေ့အကြုံ ရှိတဲ့ team တစ်ခု လိုလာပါတယ်.။ ကျွန်တော်တို့နဲ့ အလုပ်လုပ်ကိုင်ခဲ့ရာမှာ အဆင်ပြေတဲ့အခါကျတော့ သူ့ကားတွေကို ဆက်ပြီး ပြင်စေချင်တယ်ပေါ့လေ.။ ဒါနဲ့ပဲ သူ့ကားတွေကို ပြုပြင်ပေးရင်း သူ့ဆီက အဆက်အသွယ်တွေရော နောက် Facebook ကလဲ အဆက်အသွယ်တွေ ရလာတဲ့အတွက် ရန်ကုန်ကို တိုးချဲ့ဖြစ်လာတာဖြစ်ပါတယ်.။
မေး။ ။ ဘာကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်ဖို့ စိတ်ကူးရပါသလဲ။ ကြုံရတဲ့အခက်အခဲတွေ ဘာတွေရှိလဲ။
ကျွန်တော်တို့ရဲ့ Customer တွေကလဲ ဖိတ်ခေါ်တာရော နောက် ကျွန်တော်တို့ရဲ့ အနှစ်သက်ဆုံး အမြတ်နိုးဆုံးအလုပ်ကို လုပ်ရမှာရောကြောင့်ပါ.။ ကြုံရတဲ့ အခက်အခဲတွေထဲမှာ အကြီးဆုံးကတော့ ကျွန်တော်တို့ စင်္ကာပူမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းကိရိယာတွေ အစုံအလင် မရှိခြင်းပါပဲ.။ ကျွန်တော်တို့ စင်္ကာပူကနေ ဒီကိုလာတိုင်း ပစ္စည်းနဲ့ ကွန်ပျူတာတွေ သယ်လာပေမယ့် limit တွေရှိတဲ့အခါကျတော့ မပြည့်စုံသေးပါဘူး.။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ Customer တွေက ကျွန်တော်တို့ အလုပ်လုပ်နိုင်ဖို့ workshop တွေငှားရမ်းပေးသလို မြန်မာပြည်မှာရှိတဲ့ workshop ပိုင်ရှင်တွေကလဲ ဖော်ဖော်ရွေရွေနဲ့ ကျွန်တော်တို့ လိုအပ်သမျှကို အတတ်နိုင်ဆုံး ကူညီပေးကြပါတယ်.။
မေး။ ။ Maximus Racing ရဲ့ Facebook Page မှာတော့ super ပြိုင်ကားတွေကို ပြုပြင်ပေးနေတယ်ဆိုတာ တွေ့ရပါတယ်.။ အခြား ဘယ်လိုကားအမျိုးအစားတွေကို ပြုပြင်ပေးပါသလဲ။ ဘယ်လိုအာမခံချက်မျိုးတွေရှိလဲ။ ဘယ်လိုဝန်ဆောင်မှုမျိုးတွေ အဓိကဆောင်ရွက်ပါသလဲ။
ကျွန်တော်တို့ရဲ့ customer တွေ ကျွန်တော်တို့ကို သိလာတာက super ပြိုင်ကားတွေပြုပြင်တယ်ပေါ့လေ.။ ဒါပေမယ့် ကျွန်တော်တို့ စင်္ကာပူမှာဆိုရင် အိမ်စီးကားတွေကိုလဲ ပြုပြင်ထိန်းသိမ်းပေးပါတယ်.။ ပုံမှန်အားဖြင့် ကျွန်တော်တို့က ကားတွေပြုပြင်ရတာ ကြိုက်တယ်ဆိုတော့ ဘယ်လိုကားမျိုးပဲဖြစ်ဖြစ် စိတ်တိုင်းကျဖြစ်တဲ့အထိ ပြုပြင်ပေးပါတယ်.။ ကျွန်တော်တို့အနေနဲ့ ပုံမှန်ထိန်းသိမ်းမှုမှသည် အင်ဂျင်တစ်လုံးလုံးကို လုံးဝပြုပြင်ထိန်းသိမ်းတဲ့အထိ လုပ်ကိုင်ပေးနိုင်ပါတယ်.။
ကျွန်တော်တို့ အားလုံးသိ၊ အားလုံးတတ်တယ်လို့တော့ မဆိုလိုပါဘူး.။ ကားတွေဟာ နည်းပညာအသစ်တွေနဲ့ အမြဲတိုးတက် ပြောင်းလဲနေတာဆိုတော့ နားလည်တတ်ကျွမ်းဖို့အတွက် အချိန် နဲ့ ကုန်ကျစားရိတ်တွေ အများကြီးရှိပါတယ်.။ ကျွန်တော်တို့ကတော့ ဒီစိန်ခေါ်မှုတွေကို ကြိုက်လဲကြိုက်တယ်၊ ကျွန်တော်တို့ရဲ့ ပြုပြင်ထိန်းသိမ်းပေးမှုကို customer တွေ ကြိုက်တယ်၊ ကျေနပ်တယ်ဆိုရင် ကျွန်တော်တို့လဲ ပျော်တယ်.။ ကျွန်တော်တို့အလုပ်တွေကို သူများကို ပြန်အပ်တာမျိုး မရှိသလို နောက်ဆုံးပေါ် ပစ္စည်းကိရိယာတွေ၊ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ကွန်ပျူတာပစ္စည်းတွေကို အမြဲဆန်းသစ်နေအောင် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပါတယ်.။ အကယ်၍ အရင်က ကျွန်တော်တို့ မကိုင်ဖူးတဲ့ မော်ဒယ်အသစ်ကားတစ်စီး လာအပ်ပြီဆိုရင် ကျွန်တော်တို့ အရင်ဆုံး ဂရုတစိုက်နဲ့ Research လုပ်ပြီး ကားထုတ်လုပ်တဲ့စက်ရုံက နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေ စုဆောင်းပြီးမှ ပြုပြင်ထိန်းသိမ်းမှု စလုပ်ပါတယ်.။ တကယ်တော့ ဒီလိုလုပ်တာဟာ အရမ်းကုန်ကျစားရိတ်များပါတယ်.။ အရင်ကလို စာရွက်နဲ့ Manual တွေ မရနိုင်တော့ပါဘူး.။ Online ကနေ subscription လုပ်ပြီးမှ ရယူနိုင်တာမျိုးတွေပဲ ရှိပါတော့တယ်.။ နောက်ဆုံးပေါ် ကားအကောင်းစား တစ်စီးရဲ့ Manual တွေကို တစ်နှစ်စာ subscription လုပ်ရတဲ့ ဈေးနှုန်းချည်းပဲ ဒေါ်လာ ထောင်ဂဏန်း ရှိပါတယ်.။ ဒါတောင်မှ ကန့်သတ်ချက်တွေ အများကြီးကြားထဲက ရယူရတာဖြစ်ပါတယ်.။
ကျွန်တော်တို့အနေနဲ့ performance upgrades တွေလဲ လုပ်ပါတယ်.။ မြန်မာနိုင်ငံမှာ အဲဒီလို အဆင့်မြှင့်တင်ပေးရတဲ့ ကားတွေထဲမှာ ပေါ်ပြူလာအဖြစ်ဆုံးကားကတော့ Nissan R35 GTR ပါ.။ ECU/Gearbox အဆင့်မြှင့်တင်မှုတွေကိုလဲ ကားမော်ဒယ်အမျိုးမျိုးအတွက် ပြုလုပ်ပေးပါတယ်.။
မေး။ ။ အနာဂတ်မှာရော မြန်မာနိုင်ငံမှာ ဘယ်လိုမျိုးလုပ်ငန်းတိုးချဲ့လုပ်ကိုင်သွားဖို့ စီစဉ်ထားပါသလဲ။
လောလောဆယ်တော့ ကျွန်တော်တို့ကို ခေါ်ယူတဲ့အခါမှ လိုက်လံပြုပြင်ပေးတာမျိုးပဲ ဆောင်ရွက်နေပါသေးတယ်.။ Customer တွေက ပြုပြင်ချင်တဲ့ကားတွေကို စုစည်းပေးထားတယ်.။ ကျွန်တော်တို့က လိုအပ်တဲ့ ပစ္စည်းတွေကို မှာယူပေးပြီး ပြုပြင်ထိန်းသိမ်းပေးမယ့် ရက်သတ်မှတ်တယ်.။ အဲဒီလိုပုံစံမျိုးနဲ့ သွားနေပါတယ်.။ ရန်ကုန်မှာ workshop ဖွင့်ဖို့ အစီအစဉ်ရှိပေမယ့် စီစဉ်နေတုန်းပဲရှိပါသေးတယ်.။ ဒါကြောင့် ဒီအချိန်မှာတော့ သေသေချာချာ မပြောနိုင်သေးဘူးပေါ့.။
မေး။ ။ ကျွန်တော်တို့ရဲ့ MyanmarCarsDB ကို အသုံးပြုသူတွေအနေနဲ့ Maximus Racing ကို ဆက်သွယ်ပြီး ကားတွေပြုပြင်ထိန်းသိမ်းဖို့ အပ်ချင်တယ်ဆိုရင် ဘယ်လိုဆက်သွယ်နိုင်မလဲ.။
ဆက်သွယ်ရမယ့်လိပ်စာကတော့
Maximus Racing Pte Ltd.
MR Performance Centre.
No.7 Soon Lee Street
05-05. iSPACE.
Singapore 627608.
ဖြစ်ပါတယ်.။ Facebook Page ကနေတဆင့်လဲ ဆက်သွယ်နိုင်ပါတယ်.။
Maximus Racing ရဲ့ website လိပ်စာကတော့ http://www.maximusracing.com/ ဖြစ်ပြီး Facebook Page ကတော့ https://www.facebook.com/MaximusRacingSG/ ဖြစ်ပါတယ်.။
www.myanmarcarsdb.com
No. 1 Car Site in Myanmar