Full article

မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်း အတွင်းရှိ မြေဧရိယာ ခြောက်ဧကပေါ်တွင် နိုင်ငံတကာအဆင့်မီ ပင်မထွက်ခွာဂိတ် တည်ဆောက်မည် ဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ'မှ သတင်းရရှိသည်။

Aung-Min-Galar-

ပင်မထွက်ခွာဂိတ်ကို အဝေးပြေးဝင်းအတွင်းရှိ ဒနင်းရိုးချောင်းနှင့် ဒနင်းရိုးချောင်းပတ်လမ်းကြား၊ ယခင် အမှိုက်ပုံဟောင်းနေရာ၊ မြေဧရိယာ ခြောက်ဧကပေါ်တွင် ဆောက် လုပ်မည်ဖြစ်ပြီး ပင်မထွက်ခွာဂိတ်အပြင် ယာဉ်ရပ်နားကွင်းနှင့် အဝေးပြေး ကားလက်မှတ် အရောင်းဆိုင်ခန်းများကိုပါ ထည့်သွင်းဆောက်လုပ်မည် ဖြစ်ကြောင်းသိရသည်။ "ထွက်ခွာဂိတ် ဆောက်လုပ်ဖို့အတွက် ပြည်တွင်း လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်သွားမယ်၊ လက်ရှိတော့ သက်ဆိုင်ရာကို တင်ပြထားတုန်းပဲ၊ လက်ရှိ ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံကနေ ကားတွေဆိုက်မယ်၊ ပင်မထွက်ခွာမှာဆိုရင် ဝင်းထဲကရှိသမျှ ကားတွေအကုန်လုံး သက်ဆိုင်ရာ ဂိတ်တွေကနေ ထွက်ခွာခွင့်မရှိဘဲ ဒီထွက်ခွာဂိတ် ကပဲထွက်ရမယ်၊ လေဆိပ်လိုသဘောမျိုးဖြစ်မှာပါ"ဟု 'မြို့ တော်စည်ပင်၊ အခွန်ဌာန (အောင်မင်္ဂလာအဝေးပြေးဝင်း)'မှ ဌာနခွဲမှူး ဦးဇော်မင်းက ပြောသည်။ အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ ယာဉ်လိုင်းပေါင်း နှစ်ရာကျော်မှ ယာဉ်အစီးရေ ရှစ်ရာခန့်မှာ နေ့စဉ် ဝင်ထွက်သွားလာ လျက်ရှိပြီး ဝင်းအတွင်း၌ အဝေးပြေးကားများ ခရီးသည် အတင်၊ အချပြုလုပ်နိုင်သည့် ဆိုက်ရောက်၊ ထွက်ခွာအဆောက်အအုံကို တည်ဆောက်ထားသော်လည်း အဝေးပြေးကားများ ရပ်နားမှုမရှိသည့်အတွက် ဝင်းအတွင်း၌ ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိကာ ပင်မထွက်ခွာဂိတ် ဆောက်လုပ်ပြီးပါက အဝေးပြေးကားများ အဝင်နှင့်အထွက်မှာ ရှုပ်ထွေးမှုမရှိတော့ဘဲ ယာဉ်ကြော ကျပ်တည်းမှုမှာလည်း လျော့ကျလာမည်ဖြစ်ကြောင်း သိရသည်။ သင်္ကြန်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများအား ကရိန်းဖြင့် ဆွဲယူမည်ဖြစ်သော်လည်း ယာဉ်မရပ်ရ ကန့်သတ်ထားသော လမ်းမကြီး ၆၇ လမ်းတွင်မူ ယာဉ်ရပ်တန့်မှုကို ခြွင်းချက်အနေဖြင့် ခွင့်ပြုပေးထားမည် ဖြစ်ပြီး အရေးယူမည်မဟုတ်ကြောင်း 'အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး'မှ သတင်းရရှိသည်။ လာမည့် သင်္ကြန်ကာလအတွင်း မော်တော်ယာဉ် ပျက်ယွင်းမှုကြောင့် သော်လည်းကောင်း ယာဉ်ကြော ပိတ်ဆို့ကျပ်တည်းမှု များဖြစ်ပေါ် လာပါက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဖယ်ရှားခြင်း များဆောင်ရွက်ရန်အတွက် ကားဆွဲကရိန်းယာဉ်များအား အချက်အချာကျသည် နေရာ ၆ နေရာတွင် အသင့်အနေဖြင့် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။ "ယာဉ်ကြောပိတ်ဆို့စေမယ့် ယာဉ်ရပ်နားမှုတွေကို ဖယ်ရှားဖို့အတွက် ကရိန်းယာဉ်တွေကို လမ်းဆုံ၊ လမ်းခွနဲ့ လူစည်ကားတဲ့ နေရာတွေမှာ ထားရှိသွားမှာဖြစ်ပြီးတော့ ကရိန်းနဲ့ဆွဲတဲ့ ကုန်ကျစရိတ်ကို ယာဉ်ပိုင်ရှင်က ပေးရမှာဖြစ်ပါတယ်၊ သင်္ကြန်ကာလအတွင်းမှာတော့ ယာဉ်မရပ်ရ သတ်မှတ်ထား တဲ့ လမ်းမကြီး ၆၇ လမ်းမှာ ကရိန်းနဲ့ဆွဲ ဖမ်းဆီးတာတွေကို မလုပ်ဘူး၊ ရပ်နားထားမှာ ဖြစ်ပါတယ်"ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ လက်ရှိတွင် သင်္ကြန်ကာလအတွင်း ကရိန်းယာဉ် အသင့်ထားရှိမည့်နေရာ ခြောက်နေရာကို အဓိကထား သတ်မှတ်ထားပြီး ယင်းတို့မှာ သိမ်ဖြူလမ်း၊ ဆရာဝန် အသင်းတိုက်အနီး၊ ပါရမီလမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ ဗန္ဓုလပန်းခြံ၊ ကုက္ကိုင်းပန်းခြံနှင့် မြေနီကုန်းလမ်းဆုံ တို့တွင်ဖြစ်ကြောင်း သိရသည်။

Ref: Automobile

Photo Ref : Myawaddy

Author