အပြည်ပြည်ဆိုင်ရာယာဉ်အပိုပစ္စည်းနှင့် နိုင်ငံတကာစက်မှုကုန်စည်ပြပွဲ ရန်ကုန်တွင် ပြုလုပ်မည်

0

Full article

 

၂ဝ၁၇ခုနှစ် အတွက် အပြည်ပြည်ဆိုင်ရာ ယာဉ်အပိုပစ္စည်းနှင့် နိုင်ငံတကာ စက်မှုကုန်စည်ပြပွဲကြီးကို စက်တင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပပြု လုပ်သွား မည်ဖြစ်ကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေး နှင့်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းမှ သိရပါသည်။

"ထိုင်ဝမ်နိုင်ငံရဲ့ နာမည်ကျော်ကုန်ပစ္စည်းအမှတ်တံဆိပ် ၃ဝ နဲ့ ဆုရထားတဲ့ ထုတ်ကုန်ပစ္စည်း ၆ဝ ကိုပြသမှာဖြစ်တယ်။ ဒီပြပွဲကတဆင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်ဖြစ် ထွန်းလာမယ်လို့ မျော်မှန်းထားပါတယ်"ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေး နှင့်ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါ်က်တာစိုးထွန်းက ပြောကြားသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာယာဉ်အပိုပစ္စည်း နှင့်နိုင်ငံတကာစက်မှုကုန်စည်ပြပွဲကြီးကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁ ရက်အထိ လေးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပြီး ၈ နိုင်ငံမှ ပြပွဲခင်း ကျင်းပြသသူ ၁၂ဝ ဦး၏ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ ယာဉ်ပိုပစ္စည်းများ၊ မော်တော်ဆိုင် ကယ်နှင့် မော်တော်ယာဉ် အင်ဂျင်အစိတ်အပိုင်းများ၊ လျှပ်စစ်ထရန်စဖော်မာများနှင့် ကေဘယ် ကြိုးများစသည့်တို့ကိုပြသထားမှာဖြစ်ကြောင်း သိရပါသည်။

ခေတေ်သစ်

Author