မြန်မာနိုင်ငံအတွင်းရှိလေဆိပ်များတွင် အပြည်ပြည်ဆိုင်ရာလေယာဉ်များဆိုက်ရောက်ခွင့်ကို ယာယီဆိုင်းငံ့

0

Full article

မြန်မာနိုင်ငံအတွင်းရှိလေဆိပ်များတွင် အပြည်ပြည်ဆိုင်ရာလေယာဉ်များဆိုက်ရောက်ခွင့်ကို ယာယီဆိုင်းငံ့လိုက်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်နေ့မှစတင်ပြီး အပြည်ပြည်ဆိုင်ရာလေယာဉ်များဆိုက်ရောက်ခွင့်ကိုဆိုင်းငံ့လိုက်ကြောင်း သိရသည်။

COVID -19 ရောဂါပြန့်ပွားမှု ကာကွယ်ရေးစီမံချက်အနေဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယခင်က ဆင်းသက်ပျံသန်းခွင့်ပြုထားသော နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်မှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲနေသည့် Yangon Aerodrome Co.,Ltd ၏ ထုတ်ပြန်ချက်အရသိရသည်။

ထိုသို့ဆိုင်းငံ့ရာတွင် ကယ်ဆယ်ရေးလေယာဉ်များ၊ ကုန်တင်လေယာဉ်များ၊ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးလေယာဉ်များနှင့် အထူးခွင့်ပြုထားသည့်လေယာဉ်များ မပါကြောင်းသိရသည်။

လေယာဉ်များအနေဖြင့် ညအိပ်ရပ်နားမှုရှိခဲ့ပါက လေယာဉ်ပေါ်လိုက်ပါလာသော လေယာဉ်အမှုထမ်းနှင့် ဝန်ထမ်းများအနေဖြင့် သီးသန့်စောင့်ကြည့်မှုကို လိုက်နာရမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်များ ရပ်နားခြင်းသည် ၂၀၂၀ ပြည့်နှစ် ဧပရယ်လ ၁၃ ရက်နေ့အထိ သတ်မှတ်ထားကြောင်းသိရသည်။

Author