မော်တော်ယာဉ် ရာဖြတ်အခွန်စံနှုန်းမှာ ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင်ပေါ်မူတည်၍ သိန်း၃ဝ မှ သိန်း၅ဝ အထိကွာခြားနိုင်ဟု ပြည်တွင်းအခွန်သတ်မှတ်ထား

0

Full article

မော်တော်ယာဉ် ရာဖြတ်အခွန် တန်ဖိုးများ သတ်မှတ်ရာတွင် ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင်ပေါ်မူတည်၍ ရန်ကုန်လိုင်စင်များသည် နယ်လိုင်စင် များထက် သိန်း၃ဝ မှ သိန်း၅ဝ အထိ ပိုမိုနိုင် ကြောင်း မော်တော်ယာဉ်များအား စံနှုန်းသတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ၂ဝ၁၈/၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် မော်တော်ယာဉ် Brand New မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ရေယာဉ်နှင့် ထော်လာဂျီ စံနှုန်းများ ပေးပို့ထားရှိကြောင်းသိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် မော်တော်ယာဉ် brand new မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ရေယာဉ်နှင့် ထော်လာဂျီ စံနှုန်းသတ်မှတ်ရန်အတွက် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး( ၁)၊ (၂)၊ (၃) တိုင်းဒေသကြီး ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးများနှင့် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံးတို့မှ ဈေးကွက်အတွင်း ဖြစ်ပေါ်လျှက်ရှိသော အရောင်းအဝယ် ဈေးနှုန်းများကို စုံစမ်းပြုစု၍ ပေးပို့ရန် ရည်ညွန်းပါစာများဖြင့် အကြောင်းကြားခဲ့ပြီး ပြန်လည်တင်ပြလာခဲ့သည့်ဈေးနှုန်းများကို အခြေခံ၍ သင့်လျှော်သော ဈေးနှုန်းများသတ်မှတ်ပြီး ပူးတွဲပါအတိုင်းပေးပို့ထားရှိခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်များအား ဈေးနှုန်းသတ်မှတ်ရာတွင် အက္ခရာနံပါတ်စဉ်အလိုက်ကို C,D,E,F,H,I,G,K,L,M,N, စသည့် အက္ခရာနံပါတ်အနိမ့်အမြင့် ပေါ်မှုတည်၍ ဈေးနှုန်း သိန်း၃ဝ ခန့်ပိုမိုနိုင်ရာ ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင်ပေါ်မူတည်၍ ရန်ကုန်လိုင်စင်များသည် နယ်လိုင်စင် များထက် သိန်း၃ဝ မှ သိန်း၅ဝ အထိ ပိုမို နိုင် ကြောင်း၊ ပြင်ပကားအရောင်းအဝယ်ပြုလုပ်ရာ၌ ကားအရောင်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိခြင်း ၊ကားအရောင်အဖြူနှင့်အနက်မှာ အခြားအရောင်များထက် ကျပ်၁ဝသိန်းမှ ၁၅သိန်း ခန့်အထိပိုမိုကုန်ကျခြင်း၊ထုတ်လုပ်သော ခုနှစ်တူသော်လည်း ကားအတွင်းပိုင်းတွင်ပါဝင်သော ပစ္စည်းများကွာခြားမှုကြောင့် ဈေးနှုန်ကွာခြားမှုရှိခြင်း၊ ယခုသတ်မှတ်ထားသော စံနှုန်းများမှာ ကြမ်းခင်းဈေးဖြစ်၍ အခွန်ထမ်းမှ စံနှုန်းထက် ပိုမိုတင်ပြလာသော အမှန်တန်ဖိုး ဖြစ်ပါက အမှန်တန်ဖိုး ကိုသာအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်းစက်မှုဇုန်ထုတ်မော်တော်ယာဉ်များမှအပ ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်ရောင်းချသော ပြည်ပကုမ္ပဏီ အမှတ်တံဆိပ် မော်တော်ယာဉ် အမျိူးအစားများ ပြည်ပမှတင်သွင်းရောင်းချသော ကုမ္ပဏီများ၏ တန်ဖိုးသတ်မှတ်ရာတွင် ရောင်းချသည့်နေ့ရှိ invoice တန်ဖိုး အတိုင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေလဲလှယ်နှုန်းဖြင့် သတ်မှတ်ဆောက်ရွက် သွားရန်ညွန်ကြားထားရှိပြီးဖြစ်ကြောင်း သိရသည်။

Regulation

Author