အာမခံလုပ်ငန်းအချို့ကိုပုဂ္ဂလိကကုမ္ပဏီများအား ယခုလအတွင်း လုပ်ကိုင်ခွင့်ပေးမည်

0

Full article

![](/redline/content/images/2017/07/gegege-300x129.jpg)

_ Photo Credit_

အာမခံလုပ်ငန်းအမျိုးအစား အချို့အား ပုဂ္ဂလိကအာမခံကုမ္ပဏီကြီးများသို့ ယခုလအတွင်း လုပ်ကိုင် ခွင့်ချပေး သွားမည်ဖြစ်ကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှသိရသည်။

ပုဂ္ဂလိကအာမခံကုမ္ပဏီ၁၁ခုကို လုပ်ငန်းအမျိုးအစား ၁၁ခု ထပ်မံလုပ်ကိုင်ခွင့်ချထားပေးမှာဖြစ်ရာယခုလ အတွင်းလုပ်ငန်းအမျိုးအစား လေး ငါးခုခန့်ကို ပုဂ္ဂလိကကုမ္ပဏီကြီးများသို့လုပ်ပိုင်ခွင့်ချထားပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အာမခံလုပ်ငန်းတွေထဲက အချိူ့ ကို ဒီဇူလှိုင်လထဲမှာ လုပ်ကိုင်ခွင့်ပေးဖို့ရှိပါတယ်။ အားလုံး ၁၁ ခုလောက်ပေးဖို့ရှိပါတယ်။ လောလောဆယ် ၅ ခုလောက်ပဲအရင်ချပေးမှာပါ ဟုအာမခံလုပ်ငန်းကြီး ကြပ် ရေး ကော်မရှင်တာဝန်ရှိသူကပြောပါတယ်။ ပုဂ္ဂလိကအာမခံကုမ္ပဏီများသို့ လုပ်ငန်းလုပ်ကိုင်ခွင့်များတိုးချဲ့ခွင့်ပြုပေးခြင်းကို အာမခံစီးပွားရေး စည်မျဉ်းစည်းကမ်း ဆိုင်ရာဘုတ်အဖွဲ့ဖြစ်သော (IBRB)မှဆောင်ရွက်ခြင်းဖြစ်ရာ အစိုးရအဖွဲ့မှ သဘောထား မှတ်ချက်ရရှိပါက( IBRB)မှထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။ လုပ်ကိုင်ခွင့်ချပေးသွားမည့်လုပ်ငန်းများမှာ စိုက်ပျိုးရေးအာမခံ၊ အပြည်ပြည်ဆိုင်ရာရေကြောင်းကုန်ပစ္စည်းအာမခံ၊ တောင်သူလယ်သမားအာမခံ၊ခရီးသွားအာမခံတို့အပြင် အာမခံလုပ်ငန်းအမျိုးအစား(၇)မျိုးဖြင့်စုစုပေါင်းလုပ်ငန်း၁၁မျိုးကိုပုဂ္ဂလိကကုမ္ပဏီများသို့လုပ်ငန်းလုပ်ကိုင်ခွင့်ချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။၂ဝ၁၃ခုနှစ် မေလမှစတင်၍ ပုဂ္ဂလိက အာမခံကုမ္ပဏီ (၅)ခုသို့ လိုင်စင်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်ထိ အာမခံကုမ္ပဏီ (၁၁)ခုကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးထားပြီးဖြစ်ကာ အာမခံလုပ်ငန်းအမျိုး အစား (၁၂)ခုကိုလုပ်ကိုင်ခွင့်ပြုထားပြီးဖြစ်တယ်လို့ သိရသည်။

ခေတ်သစ်

Author