ကနဦးမှတ်ပုံတင်ထားသော ရုပ်ပြောင်းကားများကို အရေးယူမည်မဟုတ်ဘဲ အသစ်သွင်းလာသော ရုပ်ပြောင်းကားများကိုသာ catalog ပါအတိုင်း တိုက်ဆိုင်စစ်ဆေး၍ ယာဉ်မှတ်ပုံတင်ပြုလုပ်ပေးမည်

0

Full article

.


.unicode

Zawgyi

အမိန့်မထွက်ခင် ကနဦး မှတ်ပုံတင်ပြုလုပ်ထားပြီးသော ရုပ်ပြောင်းကားများကို အရေးယူမည်မဟုတ်ဘဲ ပြည်ပမှအသစ်တင်သွင်းလာသော ရုပ်ပြောင်း ကားများကိုသာ catalog ပါရှိသည့်အတိုင်းတိုက်ဆိုင်စစ်ဆေး၍ ကနဦး ယာဉ်မှတ်ပုံတင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ဆိုသည်။

ပြည်ပတင်သွင်းယာဉ်များနှင့် ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်သော ကားများသည် မူလစက်ရုံထုတ်ပုံစံအတိုင်း ဖြစ်ရန်လိုအပ်မည်ဖြစ်ပြီး ကား၏ စက်ရုံမှထုတ်ပေးထားသော catalog ပါအတိုင်း တိုက်ဆိုင်စစ်ဆေး၍ မော်ဒယ်ရုပ် ပုံစံကွဲပြားတင်သွင်းလာသော ကားများကို ပြန်လည်ပြင်ဆင်လုပ်ဆောင်ပြီးမှသာ ကနဦးယာဉ်မှတ်ပုံတင် ပြုလုပ်ပေးသွားတော့မည်ဖြစ်သည်။

"အရင် ကနဦးလုပ်ထားတဲ့ ရုပ်ပြောင်းကားတွေတော့ အရင်အတိုင်းဘဲ ခွင့်ပြုပေးမှာပါ။ နောက်အသစ်သွင်းလာတဲ့ ရုပ်ပြောင်း ကားတွေကတော့ စက်ရုံကထုတ်ပေးတဲ့ catalog အတိုင်း တိုက်ဆိုင်စစ်ဆေးသွားပါမယ်။အနည်းငယ်လွဲတာလောက်တော့ ခွင့်ပြုပေးပါတယ်။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ပမှတင်သွင်းလာသော ကားအသစ်များတွင် Land Cruiser ကားများနှင့် Toyota Mark X ကားများကို Chassis မိုဒယ်နဲ့ ကားကိုယ်ထည်ရုပ်ပြောင်းထားတာကားများဖြစ်နေသည့်အတွက် တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ရာ မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ modify ပြန်လည်လုပ်ဆောင်ထားသော ရုပ်ပြောင်းကားများကို မှတ်ပုံတင်လုပ်ဆောင်ပေးတော့မည်မဟုတ်ကြောင်း သိရသည်။

Unicode




Author