CarsDB မှနေ၍ Toyota TSUSHO နှင့်ပူးပေါင်းကာ မော်တော်ယာဉ်လေလံပွဲ (Auto Auction Fair 2019) ကို ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်း (မြို့မကွင်း) ၌ မတ်လ ၁၆ နှင့် ၁၇ (စနေနှင့်တနင်္ဂနွေ) ရက်နေ့များတွင် နံနက် ၉:ဝဝ နာရီမှ ည ၈:ဝဝ နာရီအထိကျင်းပသွားမည်ဖြစ်သည်။
မော်တော်ယာဉ်လေလံပွဲဖြစ်သည်နှင့်အညီ မော်တော်ယာဉ်ရောင်းချမည့်သူများအတွက် သင့်လျော်သောဈေးနှုန်းဖြင့် အမြန်ဆုံးရောင်းချခွင့်များ ရရှိနိုင်မည့်ပွဲလည်းဖြစ်သည်။ ထို့အပြင် အဆိုပါလေလံပွဲတွင် လေလံတင်ရောင်းချမည့် မော်တော်ယာဉ်များကို Toyota TSUSHO မှနေ၍ ဂျပန်နည်းပညာဖြင့် inspection ပြုလုပ်ထားမည်ဖြစ်ရာ မော်တော်ယာဉ်ဝယ်ယူသူများအတွက်လည်း အကောင်းဆုံးအခွင့်အရေးများကို ရရှိစေနိုင်ဦးမည်ဖြစ်သည်။
ထိုသို့ အရောင်းအဝယ် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းမည့် လေလံပွဲကြီးတွင် မော်တော်ယာဉ်လေလံတင်ရောင်းချလိုသူများအနေဖြင့် မည်သည့်မော်တော်ယာဉ်အမျိုးအစားကိုမဆို လေလံတင်ရောင်းချနိုင်ရန်အတွက် ယနေ့ မတ်လ ၁၁ ရက်နေ့မှစတင်ကာ စာရင်းပေးသွင်း၍ inspection ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။