ကနဦးမှတ်ပုံတင်ငွေခန်းကို ဧပြီ ၃ ရက် ပြန်လည်လက်ခံလုပ်ဆောင်ပေးမည်

0

Full article

မော်တော်ယာဉ်များကနဦးမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်သည့် ငွေခန်းကို ဧပြီ ၃ ရက်တွင်ပြန်လည်လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာနမှ သိရပါတယ် ။ ငွေခန်းပိတ်ရက်ကို ဘဏ္ဍနှစ်ကုန်ခါနီးဖြစ်သဖြင့် ယခုလ ၂၄ ရက်မှစတင်ပိတ်သိမ်းခဲ့ပြီး ဧပြီလ ၃ ရက်တွင် ငွေခန်းပြန်ဖွင့်ပေးမည်ဖြစ်ရာ ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ကားများ အက္ခရာနံပတ် ယူတာကို မတ်လ ၃၁ရက် နေ့လည် ၁၂ နာရီခွဲအထိလုပ်ဆောင်ပေးမှာဖြစ်တယ်လို့သိရပါတယ်။ ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်သည့်နံပတ်ယူ နေသည့်ကားများမှာ 2N အက္ခရာနံပတ် ကုန်ဆုံးရန် နံပတ် ၃ ခုသာကျန်ရှိနေပီး 3N အက္ခရာသို့ရောက်ရှိမည်ဖြစ်ပါတယ်။ ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ကားများကိုလည်း နံပတ်ယူယာဉ်စစ်တာကို 2N အက္ခရာထိသာ လုပ်ဆောင်ပေးမည်ဟု ကြေငြာထားရှိသည်။ ဧပြီ ၁ ရက်မှစကာ ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ကားများ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်သဖြင့် ကနဦးမှတ်ပုံတင်လာရောက်ပြုလုပ်နေသည့် ကားအရေအတွက်မှာ ပိုမိုများပြားလာနေတယ်လို့လည်းသိရပါတယ်။

ခေတ်သစ်

Photo Credit

Author