စည်ပင်သာယာ လိုင်စင်တစ်ခုတည်းဖြင့် ကားအစီးရေအများအပြားရောင်းရောင်းချနေမှူများကို ဝင်ရောက်စစ်ဆေးသွားမည်

0

Full article

![](/redline/content/images/2017/04/showroom-300x225.jpg)

မန္တလေးတိုင်းဒေသကြီးတွင် စည်ပင်သာယာလိုင်စင်တစ်ခုတည်းဖြင့် ကားအစီးရေအများအပြားရောင်းရောင်းချနေမှူများရှိနေ၍ ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရပါတယ်။အရောင်းစင်တာတွေကအခွန်အခနှူန်းထားတွေပေးဆောင်ပြီး လုပ်ရတာပါ။ သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိရမယ်။ လုပ်ငန်းလိုင်စင်တွေလည်း ရှိရမယ်။ အခွန်အခပေးပြီးတရားဝင်ဖွင့်ခွင့်ပြုထားတဲ့ အရောင်းစင်တာတွေက လာရောက်တိုင်ကြားနေတာတွေရှိတဲ့ အတွက် ဝင်ရောက်စစ်ဆေးသွားမှာလို့ အထက်ပါဌာနတာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။ မော်တော်ယာဉ်များရောင်းချခွင့်ပေးရာတွင် ကားအစီးရေ ၁ဝ စီးကျော်ပါက အရောင်းစင်တာလိုင်စင်လျှောက်ထားရမှာဖြစ်ပြီး အခွန်နှူန်းထား များပေးဆောင်၍ လုပ်ငန်းလိုင်စင်ဆောင်ရွက်ခွင့်ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author