လုပ်ငန်းသုံးကားများတင်သွင်းရောင်းချခြင်းကို အရောင်းစင်တာများတွင်သာ ရောင်းချခွင့်ပေးတော့မည်

0

Full article

လုပ်ငန်းသုံးကားများတင်သွင်းရောင်းချနေခြင်းကို အရောင်းစင်တာ အရောင်းပြခန်းများမှသာ တင်သွင်းရောင်းချခွင့်ပေးသွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရပါတယ်။ လုပ်ငန်းသုံးကားများ ကုမ္ပဏီလိုင်စင်ဖြင့်တင်သွင်းခွင့်ပြုခြင်းကို ဒီဇင်ဘာ ၁၂ ရက်၂ဝ၁၆ မှစ၍ နယ်စပ်နှင့် ပင်လယ်ရေကြောင်းမှ တစ်ရက်လျှင် ၁ စီးသာတင်သွင်းခွင့်ပြုထားသည်။တစ်ပတ်အတွင်း ၃ စီးထက်ပို၍ တင်သွင်းခွင့်မပြုထားပဲ နယ်စပ်၊ပင်လယ်ရေကြောင်းမှ တစ်ပြိုင်နက်တည်းလျှောက်ထားခွင့်မပြုထားကြောင်းသိရသည်။

ထိုသို့ ကုမ္ပဏီလိုင်စင်များဖြင့်လုပ်ငန်းသုံး ၅ တန်အောက်ယာဉ်များတင်သွင်းလျှောက်ထားခြင်းကို နောက်ပိုင်းတွင် ကားအရောင်းစင်တာများနှင့် အရောင်းပြခန်းများမှသာ လျှောက်ထားတင်သွင်းခွင့်ပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ေမာ်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်မှူကော်မတီအစည်းအဝေး ၂/၂ဝ၁၆ တွင် စီးပွားရေးလုပ်ငန်းများအဆင်ပြေစေရန်နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ၊ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများတွင် အဆင်ပြေစေရန် ၅ တန်နှင့်အထက် လုပ်ငန်းသုံး ယာဉ်များကိုသာ ကားပါကင်ထောက်ခံချက်မလိုဘဲ ရန်ကုန်လိုင်စင်ဖြင့်တင်သွင်းခွင့်ပြုထားလျှက်ရှိကြောင်းသိရပါတယ်။ခေတ်သစ်Photo Credit

Author