လုပ်ငန်းသုံး Truck နှင့် Bus ကားများ အပါအဝင် ကုန်ပစ္စည်းများကို အကောက်ခွန် နှူန်းထား ပြောင်းလဲကောက်ခံ ရန် ပြည်ထောင်စုအစိုးရ အဖွဲ့ အတည်ပြု လိုက်ပြီ

0

Full article


ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် လုပ်ငန်းသုံး Truck နှင့် Bus ကားများ အခြား ကုန်ပစ္စည်းများကို အကောက်ခွန် နှူန်းထား ပြောင်းလဲကောက်ခံရန် အတည်ပြုလိုက်ပြီ ဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာန ကနေ သိရသည်။ "လုပ်ငန်းသုံးကားတွေ အကောက်ခွန်နှူန်းထား ပြောင်းလဲကောက်ခံဖို့ ကိဘိနက် ကအတည်ပြု ပြီးသွားပါပြီ။ ဘယ်တော့ စပြီးကောက်မလဲ ဆိုတာတော့ ကြိုတင် ကြေငြာပေးမှာပါ၊"ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ပြည်ပတင်သွင်းသည့် လုပ်ငန်းသုံးကား များဖြစ်တဲ့ Truck,Bus ကားများ ကို လက်ရှိ ၃ ရာခိုင်နှုန်း ကောက်ခံနေရာမှ ၁ဝ ရာခိုင်နှုန်းအထိ ပြောင်းလဲကောက်ခံသွားမှာဖြစ်ပြီး အခြား ကုန်ပစ္စည်း များဖြစ်တဲ့ ကွန်ကရစ်ဖျော်စက်များ၊ မိလ္လာယာဉ်များ၊ မီးရထားအစိတ်အပိုင်းပစ္စည်းများကိုလည်း ပြောင်းလဲကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါသည်။ ထိုကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီ ဖြစ်သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ညွန်ကြားချက်ရရှိရန် လိုအပ်ပြီး ပြောင်းလဲကောက်ခံသွားမယ့် လုပ်ငန်းသုံးကားများ ကုန်ပစ္စည်း များ၏ နှူန်းထား များကို ကြိုတင်ကြေငြာပေးသွားမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

ထိုကဲ့သို့ အကောက်ခွန် နှုန်းထားများသည် အာဆီယံနိုင်ငံများရဲ့ ကောက်ခံနေတဲ့ နှုန်းထားများကို အခြေခံ၍ ကောက်ခံတာဖြစ်တယ်လို့ လည်း သိရသည်။ အကောက်ခွန် နှူန်းထား ပြောင်းလဲ ကောက်ခံပါက လုပ်ငန်းသုံး ကားများဖြစ်သည့် Truck ကားများနဲ့ ၁ဝ ဦးနှင့်အထက် စီးနင်းသောBus ကားများ ဈေးနှုန်းများမှာလည်း အနည်းငယ် မြင့်တက်လာနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ခေတ်သစ်

Author