လုပ်ငန်းသုံးယာဉ် ယန္တရားများရောင်းချရန် အရောင်းပြခန်းများ ဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖြစ်

0

Full article

တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လိုအပ်ချက်ရှိနေသည့် လုပ်ငန်းသုံးယာဉ် ယန္တရားများရောင်းချရန် အရောင်းပြခန်းများကို ဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။လုပ်ငန်းသုံးယာဉ် ယန္တရားကြီးများအား အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချရန် မြို့ပြင်မြေနေရာကျယ်ဝန်းသော နေရာများတွင် ဖွင့်လှစ်ခွင့်ပြုထားတယ်လို့သိရပါတယ်။

အများပြည်သူပိုင်လမ်းပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိတဲ့ နှစ်နှစ်ဆယ်အတွင်း ထုတ်လုပ်သော ယာဉ်ယန္တရား ၁၆ မျိူ းကိုသာ တင်သွင်းခွင့်ပြုနေလျှက်ရှိသည်။ အခြား လုပ်ငန်းသုံးယာဉ် ယန္တရား များကို ဆယ်နှစ်အတွင်းထုတ်လုပ်သောယာဉ်များအဖြစ်တင်သွင်းခွင့်ပြုထားကြောင်းသိရပါတယ်။

မြို့ပြဖွံဖြိုးတိုးတက်လာသည်နှင့်အတူ လုပ်ငန်းသုံးယာဉ် လိုအပ်ချက်ပမာဏ မှာမြင့်မားနေလျှက်ရှိနေခြင်းကြောင့် တစ်နေရာတည်းတွင်အလွယ်တကူဝယ်ယူနိုင်စေရန် အရောင်းပြခန်းဖွင့်လှစ်ခွင်ပြုခြင်းဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author