ကုမ္ပဏီလိုင်စင်ဖြင့် လုပ်ငန်းသုံးကားပါမစ် လျှောက်ထားမှူကို ဒီဇင်ဘာ ၂၈ ကစ၍ Model year Amendment ပြင်ဆင်ခွင့်ပြုတော့မည်မဟုတ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှသိရသည်။
လုပ်ငန်းသုံးကားတင်သွင်းရန် လိုင်စင်လျှောက်ထားခြင်းကို ယခင်က Model year Amendment ပြင်ဆင်ခွင့်ပေးနေရာမှ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ CIF ၅ဝဝဝ တန် လုပ်ငန်းသုံးကားများ ကို Amendment ပြင်ဆင်ခွင့်ပေးတော့မည် မဟုတ်ကြောင်း သိရသည်။
"မနက်ဖြန်နောက်ဆုံး တော့ လုပ်ပေးမှာပါ။ ၅ဝဝဝ တန်ကားတွေကို ဒီဇင်ဘာလ ၂၈ ကစပြီး Model ပြန်ပြောင်းတာကို ခွင့်မပြုတော့ပါဘူး "ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှသိရသည်။
ပြည်ပမှ ကုမ္ပဏီ လိုင်စင်ဖြင့် လုပ်ငန်းသုံး ယာဉ် တင်သွင်းမှူများကို ဇူလိုင်၁၄ ရက်မှစ၍ လုပ်ငန်းသုံးတစ်တန်အောက်ကားများအား ကုမ္ပဏီ လိုင်စင် သက်တမ်း ၁ နှစ်ရှိမှသာ တစ်လ တစ်စီးနှူန်းလျှောက်ထားခွင့်ပေးပြီး ကားအရောင်းစင်တာများကိုလည်း လုပ်ငန်းသုံး ကားအစီး ၈ဝ အထိ လိုင်စင်လျှောက်ထားခွင့်ပေးနေတယ်လို့ သိရပါသည်။
R-01