ကုမ္ပဏီ လိုင်စင်ဖြင့် တင်သွင်းသည့် လုပ်ငန်းသုံးကားအစီးရေ ကန့်သတ်မည်မဟုတ်ဘဲ ကားရောက်ရှိမှ လိုင်စင် ချပေးမည်

0

Full article


ကုမ္ပဏီ လိုင်စင်ဖြင့် တင်သွင်းသည့် လုပ်ငန်းသုံး ၁ တန် ကားများ တင်သွင်းခြင်းကို အစီးရေ ကန့်သတ်သွားမှာမဟုတ်ဘဲ ကားရောက်ရှိပြီးမှ လိုင်စင်လျှောက်ထားတာ ချပေးမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေသိရပါတယ်။ ကုမ္ပဏီ လိုင်စင်နဲ့ လုပ်ငန်းသုံးကားတင်သွင်းတာကို တစ်လကို တစ်စီးသာ လျှောက်ထားခွင့်ပြုပြီး ကုမ္ပဏီများပြုလုပ်၍ လျှောက်ထားလာနေသဖြင့် စီစစ်ပြီးမှ လိုင်စင်ခွင့်ပြုပေးမှာ ဖြစ်တယ်လို့ သိရပါသည်။ "ကုမ္ပဏီ လိုင်စင်တွေက လုပ်ငန်းသုံးကားလျှောက်တာ များလာတယ်။ ဒါကြောင့် ကားရောက်ပြီးမှ လိုင်စင်ထပ်ချပေးမယ်။ ကုမ္ပဏီလိုင်စင်တွေကို စိစစ်သွားမှာ ဖြစ်ပါတယ်။ "လို့ ကုန်သွယ်ရေးဦးစီးဌာန လိုင်စင်ပါမစ်လျှောက်ထားခွင့်ပြုပေးနေတဲ့ အရာရှိက ပြောပါတယ်။ လုပ်ငန်းသုံး ယာဉ်များ တင်သွင်းမှူများကို ဇူလိုင်၁၄ ရက်ကစပြီး ကုမ္ပဏီ လိုင်စင်နဲ့ လုပ်ငန်းသုံး ၁ တန်နှင့် ၁ တန်အောက်ကားလေးတွေ တင်သွင်းနေမှုကို ကုမ္ပဏီ လိုင်စင် သက်တမ်း ၁ နှစ်ရှိမှသာ တစ်လ တစ်စီးနှူန်း ဆက်လက်ဝယ်ယူခွင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါသည်။ ကုမ္ပဏီ လိုင်စင်နဲ့ လျှောက်ထားရာတွင် လုပ်ငန်းသုံးကားအမျိူးအစားများဖြစ်တဲ့ Deliver Van, မီနီထရပ်၊လိုက်ထရပ်များ၊ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်ယန္တရားများ၊နှင့် မီနီဘတ်(စ်)စီးတီးဘတ်(စ်)များသာ တင်သွင်းခွင့်ပေးနေကြောင်း သိရသည်။

ခေတ်သစ်

Author