၂ဝဝ၆ မော်ဒယ် လုပ်ငန်းသုံးကားများ သက်တမ်းတိုးခွင့် ကုန်ဆုံးပြီးဖြစ်သော်လည်း အကောက်ခွန်ဒဏ်ကြေးအရ မတ်လအထိ ထုတ်ယူခွင့်ပေးမည်

0

Full article


၂ဝဝ၆ မိုဒယ် လုပ်ငန်းသုံးကားများ သက်တမ်းတိုးခွင့် ဒီဇင်ဘာ ၃၁ ရက်ကစ၍့ကုန်ဆုံးပြီးဖြစ်သော်လည်း အကောက်ခွန်ဒဏ်ကြေးအရ မတ်လအထိ ထုတ်ယူခွင့်ပေးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။၂ဝဝ၇ လိုင်စင်ဖြင့်လျှောက်ထားခဲ့ပြီး ၂ဝဝ၆ မိုဒယ်တင်သွင်းလာလျှင် စီးပွားကူးသန်းမူအရ လိုင်စင်သက်တမ်းတိုးခွင့်မရှိသော်လည်း အကောက်ခွန်ဒဏ်ကြေးနဲ့ ထိုကားများကို ထုတ်ယူခွင့်ပြုပေးလျှက်ရှိပါတယ်။

အကောက်ခွန်ဦးစီးဌာနမှအနေနဲ့ အသစ်ထုတ်ပြန်လိုက်သောဒဏ်ကြေးများသည် မတ်လ ၁၁ ရက်နေ့မှသာအကျူံ းဝင်မည်ဖြစ်သည်။

လက်ရှိတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လုပ်ငန်းသုံးကားများအား လိုင်စင်သက်တမ်းတိုးခြင်းများ ၂ဝဝ၆ မိုဒယ်များကို သက်တမ်းတိုးခွင့်များရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး ၂ဝဝ၇ မော်ဒယ်မှကားများကိုသာ ၆ လအထိ သက်တမ်းတိုးခွင့်ပြုထားသည်။

Photo Credit

ခေတ်သစ်

Author