MIC နှင့် ချိတ်ဆက်ထားသော ကုမ္ပဏီများမှ တင်သွင်းလာသော လုပ်ငန်းသုံးကားများကို ရန်ကုန်လိုင်စင်ခွင့်ပြု

0

Full article

ပြည်ပမှ ကားများတင်သွင်းရာတွင် ရန်ကုန်ရှိ MIC နှင့် ချိတ်ဆက်ထားသော လုပ်ငန်းများလုပ်ကိုင်နေသည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကုမ္ပဏီများကို ရန်ကုန်လိုင်စင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။

" ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေက တင်သွင်းတဲ့ လုပ်သန်းသုံး ၅ တန်အောက်ကားတွေကို ရန်ကုန်လိုင်စင်ခွင့်ပြုလိုက်ပါပြီ။ ပြီးခဲ့တဲ့ အပတ်ကစပြီး တိုင်းအစိုးအဖွဲ့ကို တင်ပြထားတာ ပြန်ချပေးလိုက်တာပါ။"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ယခု နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီများမှ တင်သွင်းလာသည့် ကားများကို ရန်ကုန်လိုင်စင် ခွင့်ပြုပေးလိုက်ခြင်းတွင် အိမ်စီးကားများမပါဝင်ဘဲ လုပ်ငန်းသုံး ၅ တန်အောက်ကားများကိုသာ ခွင့်ပြုပေးလိုက်ခြင်းဖြစ်ရာ ရန်ကုန်တွင် လုပ်ငန်းများ လုပ်ကိုင်နေသော ကားများ တင်သွင်းမှုသာ ပါဝင်ကြောင်း သိရသည်။

ပြည်ပက တင်သွင်းလာသည့် လုပ်ငန်းသုံး ၅ တန်အထက်ကားများဖြစ်သော ဘတ်စ်ကားများ ၊မီနီဘတ်စ်ကားများ၊ ကရိန်းကားများ၊ယန္တရားကားကြီးများကို ပြီးခဲ့သည့် ၂ဝ၁၇ နှစ်စကပင် ရန်ကုန်လိုင်စင် ခွင့်ပြုပေးထားပြီဖြစ်ကြောင်း သိရသည်။
R-01

Author