အောက်တိုဘာ ၁ ရက်မှစ၍ လုပ်ငန်းသုံးကားများ အကောက်ခွန် နှူန်းထား ၃ ရာခိုင်နှုန်း မှ ၁ဝ ရာခိုင်နှုန်း ပြောင်းလဲကောက်ခံသွားမည်

0

Full article


ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် လုပ်ငန်းသုံး Truck နှင့် Bus ကားများကို အောက်တိုဘာ ၁ ရက်မှစ၍ အကောက်ခွန် နှုန်းထား ၃ ရာခိုင်နှုန်း မှ ၁ဝ ရာခိုင်နှုန်း ပြောင်းလဲကောက်ခံသွားမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ကနေသိရသည်။ "လုပ်ငန်းသုံးကားတွေအကောက်ခွန်နှူန်းထား ပြောင်းလဲကောက်ခံဖို့ ကိဘိနက် ကအတည်ပြု ပြီးသွားပါပြီ။ အောက်တိုဘာ ၁ ရက်ကနေစပြီး ကောက်ခံသွားမှာပါ "ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ပြည်ပတင်သွင်းသည့် လုပ်ငန်းသုံးကား များဖြစ်တဲ့ Truck,Bus ကားများ ကို လက်ရှိ ၃ ရာခိုင်နှုန်း ကောက်ခံနေရာမှ ၁ဝ ရာခိုင်နှုန်းအထိ ပြောင်းလဲကောက်ခံသွားမှာဖြစ်ပြီး အခြား ကုန်ပစ္စည်း များဖြစ်တဲ့ ကွန်ကရစ်ဖျော်စက်များ၊ မိလ္လာယာဉ်များ၊ မီးရထားအစိတ်အပိုင်းပစ္စည်းများကိုလည်း ပြောင်းလဲကောက်ခံသွားမှာ ဖြစ်ကြောင်း သိရပါသည်။ ပြည်ပက တင်သွင်းလာတဲ့ ကုန်ပစ္စည်းများတွင် မော်တော်ယာဉ်နှင့် ပက်သက်သည့် လုပ်ငန်းသုံးကားများနှင့် လျှပ်စစ်ကားများကို ပြောင်းလဲကောက်ခံမည်ဖြစ်ရာ ယခင်ကောက်ခံနေတဲ့ လုပ်ငန်းသုံးကားများကို အကောက်ခွန် ၃ ရာခိုင်နှုန်း အစား ၁ဝ ရာခိုင်နှုန်း ၊ လျှပ်စစ်ကားများကို ၁ ရာခိုင်နှုန်းကနေ ၂ဝ ရာခိုင်နှုန်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။ ပြည်ပမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်နှူန်းထားများ ပြောင်းလဲကောက်ခံရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ သို့တင်ပြထားပြီးဖြစ်ပြီး လုပ်ငန်းရှင်များ သိရှိနိုင်ရန် ကြိုတင်ကြေငြာပေးသွားမှာဖြစ်ကြောင်း သိရသည်။

ခေတ်သစ်

Author