၂ဝ၁၈ တွင် လုပ်ငန်းသုံးကားများ ဈေးနှုန်းမြင့်တက်နိုင်

0

Full article

_ Photo Credit_

အောက်တိုဘာ ၁ ရက် ၂ဝ၁၇ တွင် လုပ်ငန်းသုံးကားများအား အကောက်ခွန်နှုန်းထား ၃ ရာခိုင်နှုန်းက နေ ၁ဝ ရာခိုင်နှုန်းအထိ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပြီး ၂ဝ၁၈ တွင်လည်း ဘယ်မောင်း ကားများကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်သောကြောင့် လုပ်ငန်းသုံးကားများ ဈေးနှုန်းမြင့်တက်သွား နိုင်သည်ဟု လုပ်ငန်းသုံးကားအရောင်းအဝယ်ပြုလုပ်နေသည့် ဈေးကွက်အတွင်းက သိရသည်။

"လုပ်ငန်းသုံးကားတွေရဲ့ အခွန်နှူန်းထားတွေလည်း ၇ ရာခိုင်နှုန်း အထိတက်လာမယ်။အခွန်တက်လာရင် ရောင်းဈေးကလည်းတက်လာမှာပဲ။ လာမယ့် နှစ်မှာ မိုဒယ်သတ်မှတ်ချက် ကလည်း လုပ်ငန်းသုံးကားတွေကို ဘယ်ကိုင်းပဲပေးသွင်းမယ်ဆိုရင် ညာမောင်းက တင်သွင်းဖို့မရှိသလောက်ကို ဖြစ်သွားမှာ။ အဲ့တော့ ဈေးကလည်း ထပ်တက်ဦးမယ်။အခုလည်း ဒီသတင်းတွေကြောင့် ဈေးတွေခေါ်ရောင်းနေကြပြီ။ လုပ်ငန်းသုံးတွေက ညာမောင်းက ဂျပန်ကားအကောင်းဆုံး သုံးနေကြတယ်။ "လို့ လုပ်ငန်းသုံးကား အမျိူးစုံတင်သွင်းနေရောင်းချနေတဲ့ ဦးသက်နိုင် ကပြောပါတယ်။

လုပ်ငန်းသုံးကားများဖြစ်သည့် Hijet ကားများနှင့် တစ်တန်၊ နှစ်တန်ကားများကို နယ်ဘက်က နေ အသုံးပြုဝယ်ယူမှုများပြားလာနေရာ ညာမောင်းတင်သွင်းခြင်းကို ပိတ်လိုက်မည်ဆိုပါက ညာ မောင်းကားဖြစ်သည့် ဂျပန်ကားများ ဈေးနှုန်း ၁ဝ သိန်းအထိ မြင့်တက်လာနိုင်သည်ဟု သိရသည်။

အကောက်ခွန်နှုန်းထားများ ပြောင်းလဲကောက်ခံရာတွင် လုပ်ငန်းသုံး Hijet ကားများမှာ ၅ သိန်းဝန်း ကျင်၊ ၆ ဘီးထရပ်ကားများမှာ ၁၂ သိန်းဝန်းကျင်၊ ၁၂ ဘီးထရပ်ကားများမှာ သိန်း ၃ဝ ဝန်းကျင်၊ Brand New ထရပ်ကားများမှာ ၂၅ သိန်းဝန်းကျင်းနှင့် CIF တန်ဖိုးများပြားစွာ ပေးဆောင်ရသည့် ယန္တရားကားကြီးများမှာ သိန်း ၆ဝ မှ သိန်း ၈ဝ ဝန်းကျင် အထိ အခွန်ပေးဆောင်ရမှုများ ပိုလာနိုင် ကြောင်းသိရသည်။

ခေတ်သစ်

Author