၂ တန်နှင့် အထက်လုပ်ငန်းသုံးယာဉ် (က) လုပ်ငန်းလိုင်စင် ယာဉ်များအားလုံး GPS စနစ်တပ်ဆင်ပြီး အလုံးစုံအာမခံပြုလုပ်မှ ယာဉ်စစ်ဆေးခြင်း ဆောင်ရွက်ပေးမည်

0

Full article

ရန်ကုန်တိုင်းအတွင်း မောင်းနှင်သွားလာနေသော ၂ တန်နှင့် အထက် (က) လုပ်ငန်းလိုင်စင် ပြုလုပ်မည့် ယာဉ်များအားလုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က GPS စနစ် တပ်ဆင်ကာ အလုံးစုံအာမခံ မဖြစ်မနေ ထားရှိရန်ညွန်ကြားထားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနက သိရသည်။

၂ တန်နှင့်အထက် ယာဉ်များကို GPS စနစ်များနှင့် အလုံးစုံအာမခံထားရှိမှ လုပ်ငန်းလိုင်စင် ပြုလုပ်ပေးမှာဖြစ်ရာ ယာဉ်မှတ်ပုံတင်ပြုလုပ်ပေးခြင်း ၊ ယာဉ်သက်တမ်းတိုး လုပ်ငန်းများ လာရောက်ဆောင်ရွက်ရာတွင် ယင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။

" ရန်ကုန်တိုင်းမှာ ၂ တန်နဲ့အထက် (က) လုပ်ငန်းလိုင်စင် ပြုလုပ်တဲ့ ကားတွေအားလုံး အလုံးစုံအာမခံ နဲ့ GPS စနစ် မဖြစ်မနေတပ်ဆင်ထားဖို့ သတ်မှတ်ထားပါတယ်။ ရန်ကုန်တိုင်းအစိုးရကလည်း ညွန်ကြားထားပြီးသားပါ။ ဒါတွေပါမှ ယာဉ်စစ်တာလုပ်ပြီး လုပ်ငန်းလိုင်စင်လုပ်လို့ရမှာပါ "ဟုကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမူးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လုပ်ငန်းသုံး ၂ တန်နှင့်အထက် ( က ) လုပ်ငန်းလိုင်စင် လုပ်ဆောင်မည့်ကားများ သတ်မှတ်မိုင်နှုန်းထက်ကျော်လွန်မောင်းနှင်မှုများကို GPS စနစ်ကတစ်ဆင့် ထိန်းချူပ် အသိပေးအရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Regulation

Author