၂ဝ၁၈ တွင် လုပ်ငန်းသုံး ယန္တရားကားများတင်သွင်းမှု ထုတ်လုပ်ခုနှစ် ၁ဝ နှစ်အတွင်း ယာဉ်များကို တင်သွင်းခွင့်ပြုမည်

0

Full article

Photo Credit

 

၂ဝ၁၈ တွင် လုပ်ငန်းသုံး ယန္တရားကားကြီးများ တင်သွင်းခွင့်ပေးရာတွင် ထုတ်လုပ်ခုနှစ် ၁ဝ နှစ်အတွင်းယာဉ်များကို တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနမှ သိရ သည်။

လုပ်ငန်းသုံးယန္တရားကားကြီးများ တင်သွင်းခွင့်ပေးရာတွင် လက်ရှိတွင် ထုတ်လုပ်ခုနှစ် နှစ် ၂ဝ အတွင်း ကားများကို တင်သွင်းခွင့်ပြုနေရာမှ ထုတ်လုပ်ခုနှစ် ၁ဝ နှစ်အထိ လျှော့ချတင်သွင်းခွင့်ပေးမှာ ဖြစ်သည်ဟု သိရသည်။

လုပ်ငန်းသုံးယာဉ် ယန္တရား အရောင်းပြခန်း ဖွင့်လှစ်ဆောင်ရွက်ရာတွင် ကုမ္ပဏီ၏ ဘဏ်စာရင်း၌ အာမခံငွေ Deposit အဖြစ် ယခင် မြန်မာကျပ်ငွေ သိန်း ၇၅ဝဝ အစား သိန်း ၁၅ဝဝ ရာသာပေး ရတော့မည်ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ယန္တရားအရောင်းပြခန်း ဖွင့်လှစ်ခွင့်ပေးရာတွင် မြေနေရာသတ်မှတ်ချက်မှာ ယခင်က စက်ယန္တရား ခင်းကျင်းပြသမည့် ဧရိယာ စတုရန်းပေ ၃ဝဝဝ၊ အရောင်းပြခန်း Work shop အတွက် အနည်းဆုံး စတုရန်း ပေ ၅ဝဝဝ သတ်မှတ်ထားရာမှ ယခုအခါတွင် အရောင်းပြခန်း အားလုံးကို ဧက ၃ ဧက ထားရှိရမည်ဟု သိရသည်။

ခေတ်သစ်

Author