၁ တန်နှင့် ၁ တန်အောက်ကားများ နှင့် မီနီထရပ် ကားများ ကို ယနေ့မှ စ၍ ကုမ္ပဏီ လိုင်စင်ဖြင့် လျှောက်ထားလျှင် တစ်လ တစ်စီး နှူန်းသာ ခွင့် ပြု ပေးမည်

0

Full article

![](/redline/content/images/2017/06/111-1-300x200.jpg)

Photo Credit

ပြည်ပမှ ကားတင်သွင်းရာတွင် လုပ်ငန်းသုံးလိုက်ထရပ်၊ မီနီထရပ် ခွေးဘီလူးကားများအား ကုမ္မဏီလိုင်စင်ဖြင့်လျှောက်ထား ရာတွင် ယနေ့မှစ၍ တစ်လလျှင် တစ်စီး နှူန်းသာခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန မှ အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်ပါသည်။ ဒီနေ့ကစပြီး လုပ်ငန်းသုံး တစ်တန်နှင့် တစ်တန်အောက်ကားတွေကို လျှောက်ထားမယ်ဆိုရင် တစ်လကို ၁ စီးနှူန်းပဲခွင့်ပြုပေးသွားမှာပါ။ ပင်လယ်ရေ ကြောင်းကော နယ်စပ်ကော အားလုံးကို တစ်စီးနှူန်းပဲ ခွင့်ပြုပေးမှာပါဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါတယ်။ လုပ်ငန်းသုံးမော်တော်ယာဉ်အချို့ကိုကုမ္မဏီလိုင်စင်ဖြင့် တစ်ပတ်လျှင်သုံးစီးနှုန်းခွင့်ပြုပေးနေရာက ယနေ့မှစ၍ ကုမ္မဏီတစ်ခုကိုတစ်လလျှင်တစ်စီးသာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

ထိုကဲ့သို့ ကုမ္ပဏီ လိုင်စင်ဖြင့် လုပ်ငန်းသုံးကားများ လျှောက်ထားခြင်းကို ယခင်အပတ်တွင် ဆွေးနွေးထားခဲ့ခြင်း ဖြစ်ရာ ယနေ့မှစ၍ အကျူံးဝင်မည်ဖြစ်ပါတယ်။ ကုမ္ပဏီ လိုင်စင်ဖြင့် လုပ်ငန်းသုံးကားလျှောက်ထားတာကို ခွင့်ပြုရာတွင် ကန့်သတ်လိုက်ခြင်းဖြစ်ပြီး အရောင်းစင်တာများက လျှောက်ထားမှူကို ယခင်အတိုင်းခွင့်ပြုပေးမှာ ဖြစ်တယ်လို့သိရသည်။ လုပ်ငန်းသုံးယာဉ် အမျိုးအစားအချို့ဖြစ်သည့်Mini truck၊ Light truck၊ Box truck၊ Mini boxtruck နှင့် Delivery van၊ Pick up စသည့်မော်တော်ယာဉ်များကို ကုမ္မဏီတစ်ခုလျှင် တစ်လတစ်စီးနှုန်းသာ ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်သည်။

ခေတ်သစ်

Author