ကားအရောင်းစင်တာများ လုပ်ငန်းသုံး ကားအစီးရေ ၈ဝ အထိ တင်သွင်းခွင့်ရရှိ

0

Full article


ကားအရောင်းစင်တာများကို လုပ်ငန်းသုံး လိုင်စင်လျှောက်ထားမှူအား ကားအစီး ၈ဝ အထိတင်သွင်းခွင့်ပြုသွားမှာဖြစ်တယ်လို့ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီကသိရပါတယ်။ကားအရောင်းစင်တာများအား လုပ်ငန်းသုံးကား အစီး ၈ဝ တင်သွင်းရောင်းချခွင့်ပေးမှာဖြစ်ရာ ကားအစီး ၂ဝ ရောင်းချပြီးပါက ထပ်မံ၍ ကားအစီး ၂ဝ ကို ထပ်မံတင်သွင်းခွင့် ပါမစ်ချပေးသွားမှာ ဖြစ်ပါသည်။ "ကားအရောင်းစင်တာတွေကို လုပ်သန်းသုံးကား တွေ အစီး ၈ဝ တင်သွင်းဖို့ ကြီးကော်အစည်းအဝေး မှာ ဆုံးဖြတ်လိုက်ပါတယ်။ကုမ္ပဏီ လိုင်စင်နဲ့ ကားတင်သွင်းတာကိုတော့ သတ်မှတ်ထားတဲ့အတိုင်း ၁ လ ၁ စီး ဆက်ပီးပေးနေဦးမှာပါ။"ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများကြီးကြပ်မှူ ကော်မတီ က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် လုပ်ငန်းသုံး Truck နှင့် Bus ကားများများကို အောက်တိုဘာလ ၁ ရက်ကစ၍ အခွန်နှုန်းထားပြောင်းလဲကောက်ခံသွားမှာ ဖြစ်၍ လုပ်ငန်းသုံး ကားဈေးများ CIF တန်ဖိုးအလိုက် ဈေးမြင့်တက်လာနိုင်ကြောင်း သိရပါသည်။

ခေတ်သစ်

Author