လာမည့်နှစ် လုပ်ငန်းသုံးကားတင်သွင်းမှုကို ဘယ်မောင်း အမျိူးအစားများကိုသာ တင်သွင်းခွင့်ပြုမည်

0

Full article

Photo Credit

လာမည့်နှစ် လုပ်ငန်းသုံးကားတင်သွင်းမှုကို ဘယ်မောင်း အမျိုးအစားကားများသာ တင်သွင်းခွင့်ပြုမည် ဖြစ် သည်ဟု စီပွားကူး/သန်း ဝန်ကြီးဌာနက သိရသည်။ယခု စက်တင်ဘာလကုန်တွင် လာမည့်နှစ်အတွက် ကားတင်သွင်းခွင့်ပြုမည့် မိုဒယ်သတ်မှတ်ချက်များ ထုတ်ပြန်ပေးသွားမည်ဖြစ်ရာ လုပ်ငန်းသုံးအမျိုးအစားကားများကို တင်သွင်းခွင့်ပေးသွားမည်ဖြစ်သည် ဟုသိရသည်။

"လုပ်ငန်းသုံးကားတွေက ဘယ်မောင်းတစ်မျိုးတည်းတင်သွင်းခွင့် ပေးဖို့ရှိတယ်။ ဒီလကုန်မှာ ကား တင်သွင်းတဲ့ မိုဒယ်သတ်မှတ်ချက်တွေကို ကြေငြာပေးသွားမှာပါ။" ဟု စီးပွား/ကူးသန်း ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ်တွင် လုပ်ငန်းသုံးကားများကို ၂ဝဝ၇ မိုဒယ်မှ ၂ဝ၁၄ မိုဒယ်အထိ ဘယ်ညာ မခွဲခြားဘဲ တင်သွင်း ခွင့်ပေးထားရာ ၂ဝ၁၅ မိုဒယ်မှ ၂ဝ၁၇ မိုဒယ်အထိက ဘယ်မောင်းကား တစ်မျိုးတည်းသာ တင်သွင်းခွင့် သတ်မှတ်ထားရှိကြောင်း သိရသည်။

ခေတ်သစ်

Author