Full article

Photo Credits

ယခင်ကဖေါ်ပြခဲ့သောပထမဆုံး အိန္ဒိယ မြန်မာ ကားပြိုင်ပွဲကို Indo-Myanmar Friendship Car Rally ဟု အမည်ပေးထားပြီး ၁၁ ရက်နေ့မှ ၂၂ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ နှစ်နိုင်ငံ ရင်းနှီးမှု၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးတို့ကို တိုးတက်ရန်ရည်ရွယ်သည့် ယခုပြိုင်ပွဲကို ကျင်းပရာတွင် ပြိုင်ပွဲ၏ ၃ ရက်မြောက်တွင် မြန်မာနိုင်ငံ တမူးသို့ရောက်မည်ဖြစ်ပြီး အောက်ပါ အစီအစဉ်အစဉ်အတိုင်း ပြိုင်သွားကြမည် ဖြစ်ကြောင်းသတင်းရရှိရာ စိတ်ပါဝင်စားသူများ သွားရောက်ကြည့်ရှုနိုင်ရန် သတင်းပေးလိုက်ရပါသည်။

  • ၁၃-ဝ၃-၂ဝ၁၂ ညနေ ၅နာရီ – တမူးမြို့သို့ အရောက်
  • ၁၄-ဝ၃-၂ဝ၁၂ မနက် ၁၁နာရီတွင် ကလေးမြို့၊ ညနေ ၄နာရီတွင် မုံရွာမြို့၊ ည ၈နာရီတွင် မန္တလေးမြို့ သို့အရောက်
  • ၁၅-ဝ၃-၂ဝ၁၂ နေ့လည် ၂နာရီတွင် မန္တလေးမြို့မှထွက်ကာ၊ နေပြည်တော်သို့ ၄နာရီခွဲတွင် ရောက်ရှိပြီး ကြိုဆိုဧည့်ခံပွဲပြုလုပ်ကာ၊ အရှေ့မြောက် အိန္ဒိယ နှင့် မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး ညီလာခံတစ်ခုကို ပြိုင်ပွဲစီစဉ်သူ NEFIT (North East Federation on International Trade) နှင့် UMFCCI (The Union of Myanmar Federation of Chambers of Commerce and Industry) မှ ပူးပေါင်းကာကျင်းပမည်ဟုလည်း သိရသည်။
  • ၁၆-ဝ၃-၂ဝ၁၂ မနက် ၈နာရီတွင် သမ္မတဦးသိန်းစိန်မှ တာထွက် လွှတ်ပေးကာ၊ ညနေ၃နာရီတွင် ပဲခူးမြို့သို့ ရောက်ပြီး၊ ညနေ၈နာရီတွင် ရန်ကုန်မြို့သို့ရောက်ရှိမှာဖြစ်သည်။
  • ၁၇-ဝ၃-၂ဝ၁၂ ရန်ကုန်မြို့တွင် UMFCCI မှ ကျင်းပသော စီးပွားရေးညီလာခံ တစ်ဖန်ကျင်းပမည်ဖြစ်ပြီး၊ ညပိုင်းတွင် ယဉ်ကျေးမှုပဒေသာပွဲနှင့် ညစာတည့်ခင်းဧည့်ခံမည်ဖြစ်သည်။
  • ၁၈-ဝ၃-၂ဝ၁၂ ညတွင် ရန်ကုန်မှ ပြည်သို့ရောက်ရှိမည်ဖြစ်သည်။
  • ၁၉-ဝ၃-၂ဝ၁၂ ညနေ ၅နာရီတွင် ပုဂံမြို့သို့ရောက်မည်ဖြစ်သည်။
  • ၂ဝ-ဝ၃-၂ဝ၁၂ မနက် ၈နာရီတွင် ပုဂံမြို့မှ ထွက်ခွာကာ ညနေ၅နာရီတွင် မုံရွာမြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
  • ၂၁-ဝ၃-၂ဝ၁၂ မနက် ၆နာရီတွင် မုံရွာမှ ထွက်ခွာပြီး၊ ၁ဝနာရီတွင် ကလေးမြို့ မှတဆင့်၊ နောက်ဆုံး ညနေ၂နာရီတွင် တမူးမြို့မှ မြန်မာနိုင်ငံမှ အိန္ဒိယသို့ ထွက်ခွာသွားမည်ဖြစ်ပါသည်။

စိတ်ပါဝင်စားသူများနှင့် ပြိုင်ပွဲနှင့် ပါတ်သက်ရာ စုံစမ်းမေးမြန်းလိုသူများ အနေနှင့် indomyanmar.carrally@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း ထပ်မံရရှိသော သတင်းများအရ တင်ပြလိုက်ပါသည်။

Author