လာမယ့် ဘက်ဂျက်မှာ ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ကားတွေကို ဝင်ငွေခွန် ကောက်ခံဖို့ ဆွေးနွေးထားပါတယ်။ပြည်တွင်အခွန်များဦးစီးဌာနကလည်း အဲဒီကားတွေကို ဝင်ငွေခွန် ကောက်ခံဖို့တင်ပြထားပါတယ်။ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီတာဝန်ရှိသူကပြောပြသည်။
လက်ရှိတွင် တစ်ဦးချင်းတင်သွင်းလာသည့် free permit ကားများကို ပြည်ထောင်စုအခွန်ကောက် ဥပဒေအတိုင်း ဝင်ငွေခွန်ကောက်ခံနေရာ စလစ်ကပ်ကားများကိုလည်း ထိုနည်းအတူ အခွန်ကောက်ခံရန်ဆွေးနွေးထားရှိတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကသိရပါတယ်။ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ကားတွေကိုလည်း ဝင်ငွေခွန် ကောက်ခံသွားဖို့ဆွေးနွေးထားပါတယ်။တရားဝင်အတည်ပြုချက်တော့မထွက်သေးပါဘူး။ဝင်ငွေခွန်ကောက်ခံမယ့် နှူန်းထားကတော့ ပြည်ထောင်စုအခွန်ကောက် ဥပဒေအတိုင်း ကောက်ခံသွားမှာပါဟု ပြည်တွင်းအခွန်များဦးစီးဌာနကသိရပါတယ်။ခေတ်သစ်