ပြည်ပမှ ကားတင်သွင်းရာတွင် တစ်ဦးချင်းပါမစ်ဖြင့် အကောက်ခွန်တွင် ကောက်ခံသော ကြိုတင်ဝင်ငွခွန် ၂ ရာခိုင်နှူန် ဝင်ငွေခွန်များကို ယနေ့မှစ ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနကသိရပါသည်။ ကြိုတင်ခွန်အတွက်ကောက်ထားတဲ့ ၂ ရာခိုင်နှုန်း ဆောင်ထားပြီးတဲ့ ချလံပြမယ်ဆိုရင် အခွန်ငွေကို ပြန်ထုတ်ပေးပါမယ်။ ကုမ္ပဏီနဲ့တင်သွင်းထားတဲ့ကားတွေအတွက်တော့ ပြန်မရပါဘူး။လို့ ပြည်တွင်းအခွန်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ Withholding Tax ပေးဆောင်ခိုင်းသည်မှာ ပေးချေရတဲ့ငွေအပေါ်ကောက်ခံတာဖြစ်ပြီး ဝင်ငွေခွန်ဆောင်တဲ့အခါ ကြိုတင်ဝင်ငွေခွန် နှုတ်ထားတာဖြစ်တယ်လို့သိရပါတယ်။ တစ်ဦးချင်းတင်သွင်းတာကိုတော့ ပြန်ထုတ်ပေးမှာဖြစ်၍ ကုမ္ပဏီ များကနေတင်သွင်းတာကိုနှစ်စဉ် အခွန်စည်းကြပ်ပါက နှုတ်ယူထားသော Withholding Tax နဲ့ပက်သက်သော အထောက်အထား ချလံအားပြသရလျှင် အခွန်အပြည့်ပြန်လည် ထုတ်နှုတ်ခံစားနိုင်တယ်လို့ သိရပါတယ်။ ယခင်က ကုမ္ပဏီ လိုင်စင်နဲ့တင်သွင်းထားသော ကားများကိုသာ ကောက်ခံခဲ့တာဖြစ်ပြီး ဧပြီလမှစ၍ ပြည်ပမှတင်သွင်းလာသော ကားများအားလုံးကို ကုန်သွယ်လုပ်ငန်းခွန် ပေးသွင်းရာတွင် တစ်ပါးတည်း ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအား ထည့်သွင်း ကောက်ခံပြီး CIF ဒေါ်လာ ၅ဝဝဝ တန်ကားတစ်စီးလျှင် ယနေ့ဒေါ်လာပေါ်က်ဈေးအရ ငွေကျပ် ၁၃၆ဝဝဝ ပေးဆောင် ရကြောင်းသိရပါတယ်။ ထိုငွေ ကို ပြည်တွင်းအခွန်များဦးစီးဌာနတွင် ပေးဆောင်ခဲ့သည့် ချလံပြပါက ထုတ်ပေးမှာ ဖြစ်တယ်လို့သိရသည်။
ခေတ်သစ်