တစ်နိုင်တစ်ပိုင် ကားဝယ်ရောင်းပြုလုပ်သူများကို သီးသန့်အခွန်ကောက်ခံသွားမည်မဟုတ်

0

Full article

![](/redline/content/images/2017/07/bbbbb-300x195.jpg)

_ Photo Credit_

တစ်နိုင်တစ်ပိုင် ကားဝယ်ရောင်းပြုလုပ်သူများကို သီးသန့်အခွန်ကောက်ခံသွားမည်မဟုတ်ဘဲ ကားဝယ်သူများနဲ့ ရောင်းချသူများ ပေးဆောင်ရသည့် အမြတ်ခွန်များသာပေးဆောင်ရမည်ဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကသိရသည်။ ပြည်ပကကားသွင်းမယ်ဆိုရင် အခွန်ကိုကောက်ပြီးသားပါ။ လုပ်ငန်းလုပ်လို့ ရလာတဲ့ အမြတ်ခွန်ကို တော့ အရင်ထဲက ပေးဆောင်ရတာပါ။ ကားဝယ်တဲ့သူကလည်း ပေးရသလို ကားရောင်းတဲ့သူကလည်းပေးရပါတယ်။ သီးသန့်အခွန်ဆိုပြီးကောက်တာမျိူး မဟုတ်ပါဘူးဟု ပြည်တွင်အခွန်များဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြည်ပနိုင်ငံများမှ မော်တော်ယာဉ်များတင်သွင်ရာတွင် တစ်ဦးချင်းတင်သွင်းမှူနဲ့ ကားအရောင်းပြခန်းများ၊ ကားအရောင်းစင်တာများကို အခွန် ကောက်ခံနေရာ တစ်နိုင်တစ်ပိုင် ကားဝယ်ရောင်းလုပ်ကိုင်ရာတွင် ကားရောင်းချတဲ့ အမြတ်ခွန်ကို သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနတွင် ပေးဆောင်ရပြီး ကားဝယ်ယူသူမှလည်း အမည်ပြောင်းခွန် ငွေဖြူ ဖြစ်စေရန် အခွန်ပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါသည်။ ပြီးခဲ့သည့် ဘဏ္ဍနှစ်တွင် ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် ကားအစီးရေ ၅ဝဝဝဝ ထံမှ အခွန်စည်းကြပ်ရရှိငွေ ကျပ်သန်းပေါ်င်း ၁ သိန်း ၈ သောင်းကျော်ရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန စာရင်းများအရ သိရသည်။ ပြည်ပနိုင်ငံများမှ ကားတင်သွင်းမှူမှာ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် မေလအထိ ကားအစီးရေ ၁ဝသိန်း နီးပါးတင်သွင်းမှုရှိခဲ့ပြီး လာမယ့်နှစ်တွင် ကန့်သတ်ထားရှိသော မူဝါဒများနဲ့ အခွန်နှူန်းထားများကြောင့် ကားတင်သွင်းမှူ ထက်ဝက်ကျော်ကျဆင်းလာနိုင်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Author