တစ်နိုင်တစ်ပိုင် ကားဝယ်ရောင်းလုပ်ကိုင်သူများအား ရန်ကုန်မြို့ပြင်တွင် တစ်စုတစ်စည်းထဲ ဝယ်ရောင်းလုပ်ကိုင်ရန် ထားရှိသွားဖွယ်ရှိ

0

Full article

မော်တော်ကားဝယ်ရောင်းလုပ်ကိုင်လျှက်ရှိသည့် တစ်နိုင်တစ်ပိုင် ကားဝယ်ရောင်းပြုလုပ်သူများအား ရန်ကုန်မြို့ပြင်တွင် တစ်နေရာတည်း ကားဝယ်ရောင်းပြုလုပ်နိုင်ရန် နေရာပေးထားဖွယ်ရှိကြောင်း လှိူင်ယာဉ်ရောင်းဝယ်ရေးစခန်းရှိကားဝယ်ရောင်းများကပြောသည်။လက်ရှိကားအရောင်းအဝယ်ပြုလုပ်နေသည့် နေရာများဖြစ်သော လှိူင်ယာဉ်ရောင်းဝယ်ရေးစခန်း သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်း နှင့် မိမိအစီအစဉ်ဖြင့်ရောင်းချနေသော ကားဝယ်ရောင်းများကို တစ်နေရာထဲတွင် ကားအရောင်းအဝယ်ပြုလုပ်နိုင်ရန် ထားရှိနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲသို့တင်ပြထားရှိကြောင်းသိရသည်။

ထိုသို့တက်ပြထားရှိမှူကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြုလုပ်ပေးနိုင်ဖွယ်ရှိပီး နေရာအတည်တကျသတ်မှတ်ပေးနိုင်ရန် မြို့တော်ဝန်နှင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

တစ်နိုင်တစ်ပိုင် ကားအရောင်းပြုလုပ်သူတွေနဲ့ မိမိအစီစဉ်နဲ့လုပ်ကိုင်နေတဲ့ကားဝယ်ရောင်းလုပ်နေတဲ့သူတွေကို မြို့ပြင်မှာ လုပ်ကိုင်နိုင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြထားပါတယ်။အဆင်ပြေအောင်လုပ်ပေးမယ်လို့လည်းထင်ပါတယ်။ဟု လှိူင်ယာဉ်ရောင်းဝယ်ရေးစခန်းကားဝယ်ရောင်းလုပ်ကိုင်နေသူများကဆိုသည်။

Author